ခိုလှုံရာ ဘုန်းကြီးကျောင်းကနေ အိမ်ဖျက်ခံရသူတွေ ထပ်မံအနှင်ခံရ

0:00 / 0:00

ပြီးခဲ့တဲ့ရက်ပိုင်းက လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှာ နေအိမ်တွေဖျက်ဆီးခံရပြီး ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေထဲ က ကျောင်းသူကျောင်းသားမရှိတဲ့ မိသားစု ၆၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားပေးဖို့ အလံနီကျေးရွာအုပ်ချုပ်ရေးမှူးက သတိပေး လိုက်ပါတယ်။

လှည်းကူးမြို့နယ် သမီးလေးကျေးရွာတဝိုက်ကို စီးပွားရေးလုပ်ငန်းရှင်တွေက မြေနေရာတွေ ကို ရောင်းချလိုက်တာကြောင့် အခုလို တရွာလုံး ပြောင်းရွှေ့ပေးရတာဖြစ်ကြောင်း လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

လက်ရှိ သမီးလေးကျေးရွာက ပြောင်းရွှေ့သူ အိမ်ထောင်စု ၁၅၀ လူဦးရေ ၅၀၀ နီးပါးလောက်ဟာ ရွာနဲ့ ၂ မိုင်လောက်သာဝေးတဲ့ အောင်သိဒ္ပိဘုန်းကြီးကျောင်းမှာ ခိုလှုံနေထိုင်နေကြတာပါ။ သမီးလေးကျေးရွာ မှာ နေထိုင်သူအများစုဟာ အဲ့ဒီအနီးနားက ရာဘာခြံတွေနဲ့ ဖရဲခြံတွေမှာ လာရောက်လုပ်ကိုင်ရင်း ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ ပြောင်းရွှေ့နေထိုင်သူတွေဖြစ်ပါတယ်။

အဲဒီရွာဟာ တပ်မတော်ပိုင် မြေနေရာနဲ့ မလွတ်ကင်းတာကြောင့်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက် အာရုံတက်ချိန်လောက်မှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်က ရွာအိမ်ခြေ ၄၀၀ နီးပါးလောက်ကို ဝင်ရောက်ဖျက်ဆီးခဲ့တာပါ။

ဒီအကြောင်း RFA ကိုကျော်ထွန်းနိုင်ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါပြီ။