မြစ်ဆုံစီမံကိန်းအတွက် ဒေသခံကျေးရွာများ ပြောင်းရွှေ့ရမည်

2011-03-29

ဧရာဝတီမြစ်ဆုံနဲ့ အထက်ဖက် မေခ၊ မေလိခ မြစ်ဝှမ်းမှာ ရေအားလျှပ်စစ်စီမံကိန်း ၈ ခုကို ဆက်တိုက် ဆောက်လုပ်မှာ ဖြစ်တဲ့အတွက် မြစ်ဆုံအနားတဝိုက်က ကျေးရွာတွေသာမက ဧရာဝတီမြစ်ဆုံ အထက်ဖက် ရေဝပ်ဒေသက ကျေးရွာတွေကိုပါ မြန်မာ စစ်အာဏာပိုင်တွေက ဆက်လက် ပြောင်းရွှေ့ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

RFA Map

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား အထက်ဖက် ၂၅ မိုင်အကွာတွင် တည်ဆောက်နေသည့် မြစ်ဆုံ ရေကာတာ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ ထိုနေရာ အနီးမှာပင် တရုတ်နှင့် အိန္ဒိယသို့ ဖောက်လုပ်မည့် လီဒိုလမ်းအတွက် ဧရာဝတီ မြစ်ကူးတံတား အသစ်တခု တည်ဆောက်မည်။ (RFA Map)

စစ်အစိုးရဟာ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် ချီဖွေ၊ ချီဖွေငယ်၊ ဝူဆောက်၊ ခေါင်လန်ဖူး။ ယီနန်၊ ဖီဇော၊ လိုင်ဇာ စတဲ့ ရေအား လျှပ်စစ်စီမံကိန်းတွေကို ၂၀၁၉ ခုနှစ်အပြီး ဆက်တိုက် တည်ဆောက်သွားမှာ ဖြစ်တဲ့အတွက် မြစ်ဆုံအထက်ဖက်က ကျေးရွာတွေပါ ဆက်လက် ပြောင်းရွှေ့ရမယ်လို့ နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာလည်း အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီး ဦးဇော်မင်းက ပြောပါတယ်။

မြန်မာစစ်အစိုးရနဲ့ တရုတ်အစိုးရနဲ့ ပူးပေါင်း လုပ်ကိုင်နေတဲ့ အဲဒီ ရေအား လျှပ်စစ်စီမံကိန်းကြောင့် မှီခို နေထိုင်သူတွေသာမက ဧရာဝတီမြစ်ရဲ့ နေရာတော်တော်များများဟာ သဘာဝဝန်းကျင် ပျက်စီးမှုတွေ ရှိနေပြီလို့ အဲဒီဒေသကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ သဘာဝ ဝန်းကျင် ထိန်းသိမ်းရေး သမားတဦးက ပြောပါတယ်။

“ဟိုဖက်မှာတော့ စဆောက်နေပြီပေါ့ဗျာ။ စဆောက်နေတော့ ရေကို သူတို့ သိုလှောင်တဲ့အဆင့် မရောက်သေးဘူး။ အကယ်၍များ ရေသိုလှောင်တဲ့အဆင့် ရောက်ပြီဆိုရင် ဒီ့ထက် ပိုပြီး စိုးရိမ်ဖွယ်ရာ ဖြစ်လာတဲ့ဟာ ရှိတာပေါ့ဗျာ။ ရေမြောင်း စီးဆင်းမှုအနေနဲ့ မူလအနေအထားထက် အနည်းငယ်တော့ အပြောင်းအလဲ ဖြစ်တယ်။ အပြောင်းအလဲ ဖြစ်တဲ့အခါမှာ ခုန နှုံးပို့ချမှုနဲ့ သောင်ထွန်းမှုက အရင်ကထက် ပိုလာနိုင်တယ်။ အဲဒီ ပြဿနာလည်း ဖြစ်တယ်။”

လက်ရှိ လောလောဆယ်မှာ မြစ်ဆုံစီမံကိန်းနဲ့ မလွတ်ကင်းတဲမြစ်ဆုံတဝိုက်က တန်ဖဲ၊ ကျိန်ခရမ်၊ မြစ်ဆုံ၊ အောင်ဂျာယန်၊ ဒေါင်ပန်ရွာတွေက စုစုပေါင်း အိမ်ထောင်စု၄၁၀ က လူဦးရေ နှစ်ထောင်ကျော်ကို အာဏာပိုင်တွေက နေရာပြောင်းရွှေ့ထားပြီးပြီ ဖြစ်ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ကလောသစ်သီးခြံ ဧက ၂၀ ဆက်သွယ်ရေး အာဏာပိုင်တွေ ဖျက်ဆီး

အသိမ်းခံမြေအတွက် လျော်ကြေး အပြည့်အ၀မရ

စည်ပင်သာယာရဲ့ ပြောင်းရွှေ့မိန့် မနာခံသူ ၆ ဦး ထောင်ဒဏ်ကျခံရ

ဆည်တည်ဆောက်မှု ကန့်ကွက်သူတွေ အာဏာပိုင် တွေ့ဆုံဆွေးနွေး

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော

ဆည်မြောင်း စီမံကိန်းတချို့ ရပ်ဆိုင်းဖို့ ပြည်ထောင်စု လွှတ်တော်က ထောက်ခံ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲ တိုင်းဒေသကြီး ဝန်ကြီးချုပ် ခွင့်မပြု

ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးစေတီက မြန်မာသံဃာတော်တွေကို ဂျပန်ဂေါပက ဖယ်ရှားခိုင်း

မြန်မာ့သဲ စင်္ကာပူ ပြန်လည် စုပ်ယူနေ