ပြည်ပ မြန်မာသတင်းဌာနအချို့ လုပ်ငန်းရပ်ဆိုင်းမည်

ထိုင်းနိုင်ငံအခြေစိုက် ခေတ်ပြိုင်သတင်းဌာနက လာမဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကစပြီး သူ့ရဲ့ အင်တာနက် သတင်းအစီအစဉ်ကို ယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်သလို ရှမ်းသံတော်ဆင့် သတင်းဌာနကလည်း စာစောင်ထုတ်ဝေခြင်းကို ရပ်တန့်တော့မယ်လို့ သိရပါတယ်။

0:00 / 0:00

ရွေးကောက်ပွဲ နီးကပ်နေတဲ့ ကာလမှာ ပြည်ပကနေ မြန်မာသတင်းတွေကို ဖော်ပြပေးနေတဲ့ ပြည်ပသတင်းဌာနတွေ အခုလို ရပ်ဆိုင်းလိုက်တာကြောင့် သတင်းလွတ်လပ်ခွင့် မရှိတဲ့ မြန်မာပြည်တွင်းက ပြည်သူတွေအနေနဲ့ ဆင်ဆာ ဖြတ်တောက်မထားတဲ့ သတင်းတွေ ဖတ်ရှုရဖို့ အားနည်းသွားနိုင်တယ်လို့ ပြည်ပနိုင်ငံရေးသမားတွေက စိုးရိမ်နေကြပါတယ်။

RFA မှ ဒေါ်ခင်ခင်အိ က စုစည်း တင်ပြထားပါတယ်။

အသံဖိုင်ယူရန်