သစ်တောထိန်းသိမ်းရေး မှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ လိုအပ်


2013.03.15

အစိုးရပိုင်းက သစ်တောတွေကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ဒေသခံပြည်သူတွေပါပါဝင်ပြီး ကိုယ့်ဒေသသစ်တောတွေ ထိန်းသိမ်းနိုင်ဖို့ တွန်းအားပေးသင့်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ဒီကနေ့ ပြောလိုက်ပါတယ်။

သဘာဝပတ်ဝန်းကျင်အကြောင်း အသိပညာပေးတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ မတ်လ ၁၅ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဒေသခံပြည်သူတွေကို သစ်တောတွေ ထိန်းသိမ်းရေး အသိပညာပေးဖို့အတွက် နိုင်ငံတော်၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ဝိုင်းဝန်းလုပ်ကိုင်ပေးကြဖို့လိုတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်  ဦးဝင်းမျိုးသူက RFA ကို ပြောပါတယ်။

ဒီကနေ့ဆွေးနွေးပွဲကို နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေက အဖွဲ့အစည်းပေါင်း ၅၂ ဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။

တက်ရောက်လာကြတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ နယ်ပယ်အသီးသီးက ကိုယ်စားလှယ်တွေကလည်း ခုလိုဒေသခံတွေ သစ်တောထိန်းသိမ်းနိုင်ဖို့အတွက် လိုအပ်ချက်တွေကို အကျယ်တဝင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။

ဒီပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေတဲ့ EcoDev နဲ့ စိမ်းလန်းအမိမြေအဖွဲ့တို့က ဦးဆောင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဆက်စပ်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည် ဖေါ်သင့်၊ မသင့်ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပတဲ့ ရန်ကုန်အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် Eco-Dev အဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းမျိုးသူကို RFA သတင်းထောက် ကိုကျော်သူ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။