လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး နိုင် ကျဉ်းဟောင်းများအဖွဲ့ ကြေငြာချက်ထုတ်
မကြာသေးခင် ရက်ပိုင်းအတွင်းက သမ္မတရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်မြောက်လာတဲ့ အကျဉ်းသားတွေ ထဲမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ မပါဝင်တာနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့ရဲ့ သဘောထားကြေငြာချက် ထုတ်ပြန်ပွဲကို ဒီကနေ့ မနက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
အဲဒီ့သတင်းစာရှင်းလင်းပွဲကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် မငြိမ်းငြိမ်းပြည့် က သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။