အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ်မှာ နှစ်ရက်ကြာ ကျင်းပနေတဲ့ နိုင်ငံတကာရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေရဲ့ ညီလာခံကို ဒုတိယမြောက်နေ့အဖြစ် မတ်လ ၆ ရက် မနေ့က အပြီးသတ် ကျင်းပခဲ့ပြီး၊ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့တယ်လို့ ညီလာခံ ဖြစ်မြောက်ရေးအဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဇော်လွင်ထွန်းက ပြောပါတယ်။
နိုင်ငံတကာ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ညီလာခံကို အမေရိကန် ပြည်ထောင်စု အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့ရှိ အင်ဒီယားနား တက္ကသိုလ်-ပါဒူးတက္ကသိုလ်မှာ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကျင်းပခဲ့ရာ တက်ရောက် ဆွေးနွေးနေသူများ ဖြစ်ပါသည်။ (Photo Courtesy of Conference Organizers)
“အဓိက အချက်ကတော့ ကျွန်တော်တို့ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲက ရလဒ်ကို လုံးဝ အသိအမှတ် မပြုဘူး။ ပြည်တွင်းမှာ သူတို့ ဖွဲ့စည်းနေတဲ့ အစိုးရကို ကျွန်တော်တို့ လုံးဝ အသိအမှတ် မပြုဘူးဆိုတာ တခု ကျပါတယ်။ ပြည်တွင်းပြည်ပ အင်အားစုတွေ ပူးပေါင်းပြီးတော့မှ အတူတကွ ဒီ လူထု တော်လှန်ရေးကြီး နောက် တကြိမ်ဖြစ်လာအောင်လို့ ကျွန်တော်တို့ ကြိုးစား ဖော်ဆောင်သွားမယ် ဆိုပြီးတော့မှ ဒါ ဆွေးနွေးချက် ကျပါတယ်။”
“နောက်ပြီးတော့မှ ဒီ တော်လှန်ရေးကို NGO တွေကို မှီခိုမနေပဲနဲ့ self-funding ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ရှာနိုင်ပြီးတော့မှ တော်လှန်ရေးကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ထောက်ပံ့နိုင်အောင် ကြိုးစားဖို့အတွက် ကျွန်တော်တို့ ကျပါတယ်။ အခု နယ်စပ်မှာ ဖြစ်နေတဲ့ ပါလီမန် ဆိုတဲ့ဟာကိုလည်း ကျွန်တော်တို့က အားလုံး အဖွဲ့အစည်းပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီးတော့မှ လုပ်ဆောင်နိုင်တဲ့ဟာမျိုး ဖြစ်အောင် ဆက်လက် ကြိုးစားပါလို့ ဒီညီလာခံကနေ တိုက်တွန်းပေးပါတယ်။”
ဒီညီလာခံကို အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ရှိတဲ့ အင်ဒီယားနား တက္ကသိုလ်-ပါဒူးတက္ကသိုလ်မှာ ကျင်းပခဲ့ တာဖြစ်ပြီး ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ ဂျာမနီစတဲ့ နိုင်ငံအသီးသီးက မြန်မာ့အရေး လှုပ်ရှားနေသူတွေ၊ KNU ကရင်အမျိုးသားအစည်းအရုံး၊ NCUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ ABSDF မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ အန်အယ်ဒီ လွတ်မြောက်နယ်မြေ စတဲ့ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ပထမနေ့ ညီလာခံမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုကတဆင့် အမှာစကား ပြောကြားခဲ့ပြီး၊ အပြောင်းအလဲ ရရှိရေးအတွက် တောင်းဆိုနေရုံနဲ့ မပြီးမြောက်နိုင်ကြောင်း၊ ညီညီညွတ်ညွတ်နဲ့ ဇွဲမလျှော့ပဲ ကြိုးပမ်းကြဖို့ အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
၈၈ ကျောင်းသားများအဖွဲ့ ပါတီနိုင်ငံရေး လုပ်ဖို့ အစီအစဉ် မရှိ
ပဲခူးတိုင်းဒေသကြီး အစိုးရနဲ့ KNU တွေ့ဆုံဆွေးနွေး
KNU ဆက်ဆံရေးရုံး ပဲခူးတိုင်း ကျောက်ကြီးမြို့မှာ ဖွင့်လှစ်
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ကြောင်း ပြည်ပရောက် ကရင် အဖွဲ့အစည်းများ ပြောဆို
KNU ဆက်ဆံရေးရုံးတွေ ဖွင့်တော့မည်
တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပရေး KNPLF တိုက်တွန်း
အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိ
KNU နဲ့ မြန်မာအစိုးရ အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေး
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB ကြေညာချက် ထုတ်ပြန်
ဒီကေဘီအေ ခွဲထွက်အဖွဲ့ KNU ရဲ့ ဦးဆောင်ဆွေးနွေးမှုအတိုင်း လိုက်ပါဆောင်ရွက်မည်
မှတ်ချက်များ
Click here to add your own comment