ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့ကစပြီး မနေ့ကအထိ တင်သွင်းတဲ့စာရင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ က ၁၀၀၈ ယောက် နဲ့ အများဆုံးတင်သွင်းထားတာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၆၂၃ယောက်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၄၄ ယောက်၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၄၈ ယောက် ပါဝင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆက်လက်စာရင်းတင်ဖို့ ကျန်ရှိနေပါသေးတယ်။ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှာ လက်ရှိ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၉၀ ရှိရာ ၁၃ ပါတီက ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ ကျန်နေပါသေးတယ်။
ကော်မရှင်ရဲ့ စည်းကမ်းချက်အရ နိုင်ငံရေးပါတီတစ်ခုဟာ အနည်းဆုံးကိုယ်စားလှယ်လောင်း ၃ယောက် ရွေးကောက် ပွဲဝင်ရမှာဖြစ်ပြီး ရွေးကောက်ပွဲ မဝင်နိုင်တဲ့ပါတီဟာ မှတ်ပုံတင်ခွင့် ဖျက်သိမ်းခံရမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီ အားလုံးဟာ လာမယ့် သြဂုတ်လ ၁၄ရက်နေ့ နောက်ဆုံးထားပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တင်သွင်းရမှာဖြစ်ပါတယ်။
