ပြင်သစ်ကုန်သွယ်ရေးဝန်ကြီးနဲ့ အဖွဲ့ မြန်မာနိုင်ငံ လာရောက်မည်

ပြင်သစ် ကုန်သွယ်ရေးဝန်ကြီးနဲ့အဖွဲ့ဟာ မြန်မာနိုင်ငံကိုလာမယ့် သီတင်းပတ်အတွင်း ရောက်ရှိမယ်လို့ ပြင်သစ် ကုန်သွယ်ရေးဝန်ကြီးရုံးက ထုတ်ပြန်ကြေညာပါတယ်။

ပြင်သစ်ကုန်သွယ်ရေးဝန်ကြီး Nicole Bricq ဟာ ဇူလိုင်လ (၃၀ )နဲ့(၃၁) ရက် အတွင်း မြန်မာနိုင်ငံကို လာရောက် လည်ပတ်မှာဖြစ်ပြီး၊ သူနဲ့အတူ ပြင်သစ်အငယ်စား နဲ အလတ်စား စီးပွားရေးကိုယ်စားလှယ်အဖွဲ့ဝင် (၁၅) ဦးလည်း လိုက်ပါလာမယ်လို့ သိရပါတယ်။

ပြင်သစ် ကုန်သွယ်ရေးဝန်ကြီး နဲ့အဖွဲ့ဟာ မြန်မာအစိုးရ ဘဏ္ဍာရေးဝန်ကြီး အပါအဝင် မြန်မာအရာရှိကြီးတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေး ဆွေးနွေးကြမယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့လက ဥရောပသမဂ္ဂ ( EU ) ဟာ မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာ အထူးဦးစားပေး စာရင်းဝင် နိုင်ငံတွေထဲကို ပြန်လည်ထည့်သွင်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် ဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်သစ်နိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပြီး ပြင်သစ်သမ္မတ Francois Hollande နဲ့တွေ့ဆုံခဲ့ပါတယ်။