အခမဲ့ ဆေးဝါးကုသရေး အစီအစဉ် မြို့နယ်ဆရာဝန်က ပိတ်ပင်

မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်အတွင်းမှာ ဆွစ်ဇာလန်နိုင်ငံက ကလေးကု အထူးကု ဆရာဝန်ကြီး တစ်ဦး ခေါင်းဆောင်တဲ့ အခမဲ့ ဆေးဝါးကုသရေး အစီအစဉ် တစ်ခုကို မြို့နယ်ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ မနေ့က ပိတ်ပင် လိုက်တဲ့အတွက် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
2012-07-27
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ

ဆွစ်ဇာလန်နိုင်ငံက ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ရီနာနဲ့ ရန်ကုန်မြို့က မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဇေယျာထွန်းတို့ ဦးဆောင်တဲ့ စေတနာ ဆရာဝန်အဖွဲ့ဟာ ကျောက်ပန်းတောင်းမြို့မှာ ဒေသခံ ၁၀၀ ကျော်ကို ဆေးဝါး အခမဲ့ကုသပေးဖို့ စီစဉ်ခဲ့တာဖြစ်ပြီး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်ဇော်မိုးက ပိတ်ပင်ခဲ့တာပါ။ ကျန်းမာရေး ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက် မပါရှိတာကို အကြောင်းပြပြီး ပိတ်ပင်လိုက်တာလို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

"သက်ဆိုင်ရာ ဝန်ကြီးဌာနများရဲ့ ခွင့်ပြုချက် မပါလို့တဲ့ အကြောင်းပြတာ။ အဲဒီတော့ ဒီမှာရှိတဲ့ လူတွေ၊ ကျေးရွာသူ ကျေးရွာသားတွေရော၊  မြို့သူ မြို့သားတွေရော မကျေမနပ် ဖြစ်ကြတာပေါ့ဗျာ။ အဓိကက ရွာကလူတွေက သူတို့ ကုရမဲ့ အချိန်မှာ မကုလိုက်ရတဲ့ အတွက် တော်တော်လေးကို မကျေမနပ် ဖြစ်နေကြတယ်။ သဘာဝလည်း မကျဘူးဗျ။ ဒီဆေးဝါး အလကား ကုသပေးမဲ့ ကိစ္စတစ်ခုကို ဒီမြို့နယ် အနေနဲ့ မပိတ်ပင် မတားဆီးသင့်ဘူး။ သူတို့ကိုယ်တိုင်က ဆောင်ရွက်ပေးရမဲ့ ကိစ္စကို သူတို့ မဆောင်ရွက်နိုင်ပေမဲ့ ဆောင်ရွက်နိုင်တဲ့ အသင်းအဖွဲ့တွေက ဆောင်ရွက်တာကို သူတို့က ပိတ်ပင်တယ်ဆိုတော့ ကျွန်တော်တို့က ဘယ်လိုခံစားပြီး ဘယ်လိုနှလုံးသားနဲ့ လက်ခံရမလဲ မသိဘူး ဖြစ်နေတယ်ဗျာ"

အခမဲ့ ဆေးဝါး ကုသပေးမယ့် မုဒိတာ ဆေးခန်းကို လူနာတွေ ရောက်လာချိန်မှာ မြို့နယ် ဆရာဝန်ကြီးက ရုတ်တရက် တားမြစ်လိုက်တာကြောင့် မကျေမနပ်ဖြစ်ပြီး အိမ်ပြန် သွားခဲ့ကြရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံက ကလေးအထူးကု ဆရာဝန်ကြီးနဲ့ အဖွဲ့ဟာ ကျောက်ပန်းတောင်း မြို့နယ်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရပြီး နာရီပိုင်း အတွင်းမှာပဲမှာ ညောင်ဦးမြို့ကို ထွက်ခွာ သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

လုပ်ထုံးလုပ်နည်းအကြောင်းနားမလည်ဘဲမှတ်ချက်ပေ့းထားတဲ့ကောင်တွေအားလုံးအလကားကောင်တွေဘဲ။

Aug 10, 2012 11:57 AM

Daw Sein

နေရပ်- Burma

I know why because Dr Aung Zaw Moe can't treat those patients so he will lose his income. Dr Aung zaw moe if you have good heard you should understand.

Jul 29, 2012 06:31 AM

အမည်မဖော်လိုသူ

Some body should monitors such kind of medical practicing.We did not know how he is qualified.Actually it is illegal to do so.

Jul 28, 2012 08:45 PM

သော်ဇင်ဦး

နေရပ်- ဘိုကလေး

ဘာကြောင့်လဲဆို တော့ အဲဒါ မြန်မာလူမျိုးတွေ ရဲ့အကျင့်လေ

Jul 28, 2012 06:09 AM

sai

I think , he is Vaterinary surgeon .

Jul 28, 2012 04:36 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.