နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ရွှေတိဂုံဘုရားမှာ စုပေါင်းဆုတောင်း

2011-09-04

ဒီကနေ့ စက်တင်ဘာလ ၄ ရက်၊ တနင်္ဂနွေနေ့လည် ၁ နာရီမှာ ရွှေတိဂုံဘုရား ရင်ပြင်တော်မှာ မြန်မာပြည်ငြိမ်းချမ်းရေး၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး မေတ္တာပို့ ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီဆုတောင်းပွဲကို နိုင်ငံရေးအကျဉ်းကျ မိသားစု အကျိုးဆောင်ကွန်ရက်အဖွဲ့၊ အင်္ဂါမိသားစု ဆုတောင်းအဖွဲ့၊ ၈၈ ကျောင်းသားအဖွဲ့နဲ့ တခြား အဖွဲ့အစည်းတွေအပြင် ကျောင်းသား ပြည်သူလူထုတွေ ပါဝင်ပူပေါင်းပြီး  စီစဉ်ခဲ့တာလို့ သိရပါတယ်။

ဒီဆုတောင်းပွဲမှာ နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ရက် အမှတ်တံဆိပ်ပါ ပို့စကဒ်၊ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အထိမ်းအမှတ် ပို့စကဒ်၊ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လွှတ်ရေး စာတမ်းပါ တီရှပ်အင်္ကျီတွေကို ဝေငှခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ရက်က မခင်မိမိခိုင်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး ပြန်လွှတ်ပေးရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ရက်က ဒီကနေ့ ကြေညာချက် ၁/၂ဝ၁၁ ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ ဆုတောင်းပွဲမှာ ပရိသတ် အင်အား  ၅ ရာနီးပါး ပါဝင် ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့

နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စိတ်ဖိစီးမှုဝေဒနာ

မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွှတ်ပေးရေး တောင်းဆို

အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း

နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်

နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပဲခူး NLD ဂုဏ်ပြု

နိုင်ငံရေးသမားတွေ ထပ်လွတ်ဖို့ ကြိုးစားမယ်လို့ အစိုးရကော်မရှင် ပြော

ထွက်ချက်ပေးဖို့ အနှိပ်စက်ခံရကြောင်း ကာယကံရှင်တွေ ပြော

နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော