အခမဲ့ ပညာသင်ကျောင်း ဖွင့်မရအောင် ဒေသခံ အာဏာပိုင်တွေ ဖိအားပေး

မြန်မာလူငယ်တွေရဲ့ ပညာရည် တိုးတက် မြင့်မားစေဖို့အတွက် ပညာဒါန ဆိုပြီး၊ ရန်ကုန် သင်္ကန်းကျွန်း မြို့နယ် အတွင်းမှာ လူငယ်ကွန်ယက် တစ်ခုကနေ မကြာသေးခင်ကမှ ပြောင်းရွှေ့ ဖွင့်လှစ် သင်ကြားပေးနေတဲ့ ဗေဒါ သင်တန်းကျောင်းကို မြို့နယ် အာဏာပိုင်တွေက ကျောင်းမဖွင့်နိုင်အောင်

သင်တန်းသားတွေကို ဧည့်စာရင်း မပေးဖို့ မြို့နယ် ရဲတပ်ဖွဲ့ နဲ့ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချူပ်ရေးမှုးတွေကို ညွှန်ကြားနေတာတွေ ရှိတယ်လို့ သိရပါတယ်။ ဗေဒါ သင်တန်းကျောင်း တာဝန်ခံ လူငယ်ကွန်ယက် ခေါင်းဆောင် ကိုမျိုးရန်နောင်သိမ်း ကို အာအက်ဖ်အေ က ဆက်သွယ် မေးမြန်းရာမှာတော့ ကျောင်းဖွင့်ဖို့ ငှားထားတဲ့ အိမ်ပိုင်ရှင်တွေကို ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြသနာတွေကို တာဝန်ယူဖို့ အတင်း လက်မှတ် ထိုးခိုင်းနေတယ်လို့ ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။

0:00 / 0:00