လွတ်လာသော နိုင်ငံရေးအကျဉ်းသား ထောင် အတွေ့အကြုံပြောပြ

အကျဉ်းထောင်အသီးသီးကနေ ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ထောင်ဒဏ်စေ့ပြီးလွတ်လာ တဲ့ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆ ယောက် ရှိတယ်လို့ကြားသိရပါတယ်။ အင်းစိန်ထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့သူတွေကတော့ ကိုဟန်ဝင်းအောင်၊ ကိုလွင်ကိုလတ်၊ ကိုကျော်ကျော် စတဲ့ ကျောင်းသား နိုင်ငံရေးအကျဉ်းသားတွေပါ။

0:00 / 0:00

အဲဒီထဲမှာ ကိုဟန်ဝင်းအောင်ဟာ အသက် ၁၇ နှစ်အရွယ် ၁၉၉၄ ခုနှစ်မှာ အမျိုးသားညီလာခံ ဆန့်ကျင်တဲ့ စာရွက်စာတမ်း ဖြန့်ဝေမှုနဲ့ ထောင်ဒဏ် ၇ နှစ် ကျခံရဖူးပါတယ်။

ထောင်က ပြန်လွတ်ပြီး မကြာခင် နှစ်ပိုင်းမှာပဲ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ၂၀၀၃ ခုနှစ်မှာ နောက်တခါ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရပြီး ဒီကနေ့ ပြန်လည် လွတ်မြောက်လာတာပါ။ သူဟာ ငယ်ရွယ်စဉ်မှာ ထောင်နှစ်ကြိမ်ကျပြီး စုစုပေါင်း ထောင်သက်တမ်း ၁၄ နှစ်ကျော် ရှိခဲ့ပါတယ်။

အခုတကြိမ်မှာလည်း ၈ ပေ ၁၂ ပေ တိုက်ခန်းကျဉ်းထဲမှာ ၂၀၀၅ ခုနှစ်ကနေ အခုပြန်လွတ်လာချိန်ထိ တယောက်တည်း နေထိုင်ခဲ့ရပါတယ်။

သူ့အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ ကိုဟန်ဝင်းအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်