တရားမမျှတမှုကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ဖို့ အဆိုတော် ဇေယျာသော်ပြောကြား

နိုင်ငံတဝန်းမှာရှိတဲ့ လူငယ်တွေအနေနဲ့ မိမိတို့မှာ ရှိတဲ့ မဟုတ်မခံချင်တဲ့ စိတ်ဓာတ်၊ တရားမမျှတမှုကို လက်ပိုက် ကြည့်မနေလိုတဲ့ စိတ်ဓာတ်တွေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ကြဖို့ ၂၀၀၇ မျိုးဆက် လူငယ်ခေါင်းဆောင် တဦးဖြစ်သူ နာမည်ကျော် Hip Hop အဆိုတော် ကိုဇေယျာသော်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

0:00 / 0:00

ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီး ထိန်းသိမ်းခံရတဲ့ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး တည်ထောင်သူ ကိုဇေယျာသော်ဟာ (၃)နှစ်ကျော်အကြာ မေလ ၁၇ ရက်နေ့ အကျဉ်းထောင်က ပြန်လည်လွှတ်မြောက်လာပြီးနောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့က ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ကိုဇေယျာသော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်