မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေး ပိတ်ဆို့မှုဆက်ထားဖို့ FTUB တောင်းဆို

အောက်တာဘာလ ၁၂ရက်နေ့က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FTUB အဖွဲ့ဝင်တွေ ပါဝင်တဲ့ အတွက် ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သလို လွတ်မြောက်လာခြင်း မရှိသေးတဲ့ အဖွဲ့ဝင်၁၈ဦးကိုလည်း ပြန်လွှတ်ပေးဖို့ FTUB ဒီကနေ့ တောင်းဆိုလိုက် ပါတယ်။
2011-10-14
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
maung_maung_ftub_305_z.png
နိုင်ငံတကာ မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ညီလာခံကို အမေရိကန် ပြည်ထောင်စု အင်ဒီယာနာ ပြည်နယ် ဖို့ဝိန်းမြို့ရှိ အင်ဒီယာနာ တက္ကသိုလ်-ပါဒူးတက္ကသိုလ်မှာ မတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ကျင်းပခဲ့ရာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင် (အလယ်) တက်ရောက်နေပုံ ဖြစ်ပါသည်။ (Photo Courtesy of Conference Organizers)
Photo Courtesy of Conference Organizers

တစ်ဆက်တည်းမှာပဲ အခုလို အကျဉ်းသားများ ပြန်လွှတ်ဖို့ ပြောဆိုကြတဲ့ အပြည်အပြည်ဆိုင်ရာ အဖွဲ့ အစည်းတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဖော်ပြထားသလို ဖမ်းဆီးထိန်းသိမ်းထားစဉ် ကွယ်လွန်ခဲ့ရသူ ဦးအောင်မြင့်သိန်းနဲ့ ပတ်သက်ပြီး အပြည်အပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် ILO နဲ့ ITUC တို့ က စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အတွက်လည်း မျှော်လင့် ထားတယ်လို့ ဆိုပါတယ်။

ခုလို အစိုးရက အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ၊ လွတ်လပ်တဲ့ သင်းပင်းဖွဲ့စည်းခွင့် ပေးလိုက်တာနဲ့ ပတ်သက်ပြီး FTUB အတွင်းရေးမှူး ဦးမောင်မောင်က အခုလို ပြောပါတယ်။

“လာမယ့် နိုဝင်ဘာမှာ ILO က လုပ်မယ့် အစည်းအဝေးမှာ အကယ်၍များ မြန်မာပြည်မှာ လွတ်လပ်တဲ့ အသင်းအပင်းတွေ ဖွဲ့ခွင့် မပေးဘူးဆိုရင် ILO အတွင်းမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ကိစ္စ ရှိတယ်။ ဒါကို ရှောင်ရှားတဲ့ အနေနဲ့ ကျနော့် ရဲဘော်တွေ လွှတ်လာလည်း ဖြစ်တယ်။ ILO အတွင်းမှာ စုံစမ်းစစ်ဆေး အရေးယူမယ် ဆိုတဲ့ ကိစ္စ ရှိနေတဲ့ အတွက်လည်း လွတ်လပ်တဲ့ အသင်းအပင်းတွေ ဖွဲ့ခွင့် ပေးတာ ဖြစ်တယ်လို့ ကျနော် ထင်တယ်”

FTUB ရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေ မြင်တွေ့နေရပေမယ့် မူးယစ်ဆေးဝါးငွေတွေ၊ ငွေဖြူခဝါချမှုတွေ ကတော့ အခုအချိန်အထိ ထိန်းသိမ်းနိုင်တဲ့ အနေအထားကို မမြင်ရသေးသလို စစ်လက်နက် ထုတ်လုပ်မှုတွေ လုပ်နေတာလည်း ရှိနေကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ တားဆီး ပိတ်ပင်မှုတွေ အပြည်ပြည်ဆိုင်ရာက ဆက်ပြီးလုပ်ဆောင်ဖို့ လိုတယ်လို့ ဖော်ပြထား ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

ပြည်ပမှာလုပ်စားဂွင်ကစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ကိစ္စ ၊ရိုဟင်ဂျာကိစ္စပဲရှိတယ်။ပြည်ပမှာတိုင်းပြည်တိုးတက်ရာကိုမလိုတဲ့FTUBမောင်မောင်ဦးဆောင်တဲ့သူခိုးအုပ်စုနှင့်သူခိုး Burma Campaign U K ( BCUK )ပဲရှိတော့တယ်။RFA အနေဖြင့် Summit ကိုဆက်ဆက်တင်ပေးပါ။

Oct 14, 2011 02:51 PM