နိုင်ငံရေးအကျဉ်းသား မိသားစုတွေ ကူညီထောက်ပံ့ဖို့ ဈေးရောင်းပွဲ NLD လုပ်မည်

2010-12-29

ဇန္န၀ါရီလ ၄ ရက်နေ့ မှာ ကျင်းပမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လွတ်လပ်ရေးနေ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ရံပုံငွေ ရှာဖွေပွဲ ကျင်းပပြုလုပ်ဖို့  စီစဉ် ဆောင်ရွက်နေကြောင်း သတင်းရရှိပါတယ်။

လွတ်လပ်ရေးနေ့ အခမ်းအနားကို ယခင်နှစ်တွေနဲ့ မတူဘဲ ထူးခြားစွာ ကျင်းပရာမှာ ဈေးရောင်းပွဲတော် ပါဝင်မှာ ဖြစ်ကြောင်း၊ ဇန္န၀ါရီလ ၂ ရက် နဲ့  ၃ ရက်နေ့  အဖွဲ့ ချုပ်ရုံးရှေ့ မှာ NLD အဖွဲ့ ဝင်တွေက ဈေးရောင်းပွဲ ကျင်းပပြီး နိုင်ငံရေး အကျဉ်းသားတွေကို ကူညီထောက်ပံ့ဖို့  ဆောင်ရွက်မဲ့အကြောင်း၊ နိုင်ငံရေး အကျဉ်းသားများရဲ့ မိသားစုဝင်တွေကို ပေးအပ်မှာ ဖြစ်ကြောင်း NLD ဗဟိုအလုပ် အမှုဆောင် အဖွဲ့ ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

NLD အဖွဲ့ ဝင်တွေရဲ့  ရံပုံငွေဈေးရောင်းပွဲမှာ NLD တံဆိပ်ပါ အ၀တ်အထည်တွေနဲ့  အမှတ်တရ လက်ဆောင် ပစ္စည်းတွေ၊ အစားအစာ နဲ့  အခြား လူသုံးကုန်တွေကို ရောင်းချပြီး ရရှိတဲ့ ရံပုံငွေကို လူမှု အထောက်အကူပြု အဖွဲ့ကို ပေးအပ်မယ်လို့ ဆိုပါတယ်။

အဲဒီ ဈေးရောင်းပွဲကို မနက် ၈ နာရီမှာ စတင်မယ်လို့ သိရပါတယ်။


မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒီမိုကရေစီ အတွေ့အကြုံနှင့် စာနယ်ဇင်း သင်တန်းပို့ချ

NLD ဗဟိုကော်မရှင် ဖွဲ့စည်း

တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် မဲမသမာမှု ဖော်ထုတ်ခဲ့ခြင်း ဖြစ်တယ်လို့ NLD ပြောဆို

ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ထောက်ပံ့ငွေ ပေးအပ်

တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ မြန်မာပြည်အနာဂတ်

သြစတြေးလျအကူအညီ ထိရောက်ကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောဆို

NLD က ပညာရေးရန်ပုံငွေ ပေးအပ်လှူဒါန်း

သောက်သုံးရေ ပြတ်လပ်ဒေသ NLD က ရေဖြန့်ဝေပေး

သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ

NLD ဆုံးဖြတ်ချက် ၈၈ ကျောင်းသားများ ကြိုဆို