တိုင်းပြည်တိုးတက်ရေး စုပေါင်းကြိုးပမ်းကြဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2011-12-30

ဒီကနေ့ မင်းဓမ္မကုန်း MCC မြန်မာ ကွန်ဗင်းရှင်းစင်တာ ဝင်းအတွင်းမှာ အင်န်အယ်လ်ဒီ ပါတီက ကြီးမှူးကျင်းပ တဲ့ တိုင်းရင်းသားဒေသတွေအတွက် ပညာရေးရန်ပုံငွေ စင်တင်တေးဂီတ ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအတွင်း ပညာအလင်းရောင်များ ပိုမိုရရှိအောင် စုပေါင်း ကြိုးပမ်းသွားဖို့ တိုက်တွန်းလိုက်ပါတယ်။

Burma VJ Media Network

ရန်ကုန်မြို့ မင်းဓမ္မလမ်း မြန်မာကွန်ဗင်းရှင်းစင်တာ ဝင်းအတွင်း အင်န်အယ်လ်ဒီ ပါတီက ကြီးမှူးကျင်းပည့် တိုင်းရင်းသား ဒေသများအတွက် ပညာရေးရန်ပုံငွေ စင်တင်တေးဂီတ ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။

ဒီပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ တိုင်းရင်းသားဒေသများ ငြိမ်းချမ်းတည်ငြိမ်ရေး ဖွံ့ဖြိုး တိုးတက်ရေးတွေအတွက် စုပေါင်းကြိုးစားဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့စကားနဲ့ ပတ်သက်ပြီး ပွဲတော် ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ခုလို ပြောပါတယ်။

“ဗမာပြည်ဟာ ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ အနေအထားမှာ အများကြီး ရှိနေတဲ့အတွက် အားလုံးဟာ ကြိုးစားရလိမ့်မယ်။ အနုပညာရှင်တွေ ပူးပေါင်းပါဝင်မှုကို အထူး ကြိုဆိုတယ်။ ပြည်သူတွေ ပါဝင်မှုကိုလည်း အထူး ကြိုဆိုတယ်။ အလင်းရောင် ရရှိဖို့အတွက် ဖယောင်းတိုင် ကလေးများ ထွန်းသလိုပဲ တစ်တိုင်ထွန်းရင် တစ်ခုလင်းသလို အတိုင်ပေါင်း မြောက်မြားစွာ ထွန်းတဲ့အခါ အလင်းရောင် ပိုရတယ်။ ဗမာနိုင်ငံအတွက် အလင်းရောင်များ ပိုမို တောက်နိုင်အောင် အားလုံးကနေပြီး ကြိုးစားရမယ်ဆိုတဲ့ တကယ့် အခြေခံကျတဲ့ ငြိမ်းချမ်းရေးဆိုတဲ့စကားတွေကို အဓိကထားပြီး ပြောသွားပါတယ်”

ဂီတပွဲတော်မှာ မင်းဓမ္မကွင်းအတွင်း ဆိုင်ခန်းပေါင်း ၁၀၆ ခန်း ဖွင့်ပြီး ရန်ပုံငွေ ဈေးရောင်းချသလို ဂီတနဲ့ ရုပ်ရှင် ပညာရှင်တွေကလည်း တေးသီချင်းတွေ သီဆို ဖျော်ဖြေပါတယ်။ ဂီတပွဲတော် ဖွင့်လှစ်တဲ့ ညနေ ၄ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်က ဂီတပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ကျပ် သိန်း ၃၀ နဲ့ ၃၅ သိန်း လှူဒါန်းသူ အလှူရှင် ၄ ဦးကို ဂုဏ်ပြုလက်မှတ်များ ပေးအပ်ပါတယ်။ ဒါ့အပြင် ရန်ပုံငွေအတွက် ဆက်လက် လှူဒါန်းလျက်ရှိရာမှာ ညနေ ၆ နာရီအထိ ထပ်မံရရှိတဲ့ အလှူငွေ ၁၅ သိန်း ကျော်ပြီလို့ ဦိးလှသိန်းက ပြောပါတယ်။

ဒီပွဲတော်မှာ တက်ရောက်လာသူပရိသတ် သောင်းနဲ့ချီပြီး လာရောက်ဖျော်ဖြေတဲ့ အနုပညာရှင် တစ်ရာကျော်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၈၈ ကျောင်းသားများ အဖွဲ့ ဟိုပုံးမှာ ပညာရေးဆိုင်ရာ ဟောပြော

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ