အရှင်ဂမ္ဘီရ ပြန်အဖမ်းခံရ

2012-02-09

ရွေှ့ဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရကို ဒီကနေ့ မနက် ၂ နာရီလောက်က လာရောက် ဖမ်းဆီးသွားကြောင်း သတင်း ရရှိပါတယ်။

RFA

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မြောင်းမြ အကျဉ်းထောင်မှ ပြန်လည်လွန်မြောက်လာသူ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ခေါင်းဆောင် အရှင် ဂမ္ဘီရကို မဂ္ဂင်ကျောင်းတွင် သတင်းသုံးနေစဉ် တွေ့ရပုံ။ ဓာတ်ပုံ - RFA

အရှင်ဂမ္ဘီရ သီတင်းသုံးနေတဲ့ ကျိုက္ကဆံ လယ်တီ ၀ိပဿနာကျောင်းတိုက်မှာ လာဖမ်းသွားတာ ဖြစ်ကြောင်း အကိုဖြစ်သူ ဦးအောင်ကျော်ကျော်က အတည်ပြု ပြောဆိုပါတယ်။

အရှင်ဂမ္ဘီရကို မဂ္ဂင်ကျောင်းတိုက် ပြန်ဖွင့်တာရယ်၊ သံဃာ့မဟာနာယကအဖွဲ့ ဆင့်ခေါ်တာကို မလာတာရယ်ကြောင့် ဖမ်းတာလို့ ယူဆရကြောင်း ဦးအောင်ကျော်ကျော်က ပြောပါတယ်။

ည ၂ နာရီလောက်မှာ ရဲနဲ့ SB လို့ ယူဆရသူတွေက ကားသုံးစင်းနဲ့ လာဖမ်းသွားတာဖြစ်ကြောင်း၊ လာဖမ်းသွားသူတွေက သူတို့ဟာ ရန်ကုန်တိုင်း အစိုးရက ဖြစ်တယ်လို့ ပြောဆို သွားခဲ့ကြောင်းလည်း ဘုန်းကြီးကျောင်းနဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။

ဦးအောင်ကျော်ကျော်ကို ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်