အရှင်ဂမ္ဘီရ ပြန်အဖမ်းခံရ

ရေ့ွှဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရကို ဒီကနေ့ မနက် ၂ နာရီလောက်က လာရောက် ဖမ်းဆီးသွားကြောင်း သတင်း ရရှိပါတယ်။

အရှင်ဂမ္ဘီရ သီတင်းသုံးနေတဲ့ ကျိုက္ကဆံ လယ်တီ ဝိပဿနာကျောင်းတိုက်မှာ လာဖမ်းသွားတာ ဖြစ်ကြောင်း အကိုဖြစ်သူ ဦးအောင်ကျော်ကျော်က အတည်ပြု ပြောဆိုပါတယ်။ အရှင်ဂမ္ဘီရကို မဂ္ဂင်ကျောင်းတိုက် ပြန်ဖွင့်တာရယ်၊ သံဃာ့မဟာနာယကအဖွဲ့ ဆင့်ခေါ်တာကို မလာတာရယ်ကြောင့် ဖမ်းတာလို့ ယူဆရကြောင်း ဦးအောင်ကျော်ကျော်က ပြောပါတယ်။ ည ၂ နာရီလောက်မှာ ရဲနဲ့ SB လို့ ယူဆရသူတွေက ကားသုံးစင်းနဲ့ လာဖမ်းသွားတာဖြစ်ကြောင်း၊ လာဖမ်းသွားသူတွေက သူတို့ဟာ ရန်ကုန်တိုင်း အစိုးရက ဖြစ်တယ်လို့ ပြောဆို သွားခဲ့ကြောင်းလည်း ဘုန်းကြီးကျောင်းနဲ့ နီးစပ်သူတွေက ပြောဆိုပါတယ်။ ဦးအောင်ကျော်ကျော်ကို ကိုဇော်မိုးကျော်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

0:00 / 0:00