တရားစွဲခံရတဲ့ အလုပ်သမား ကိုလှမင်းထွန်း၊ ကိုနိုင်ဝေလင်း၊ ကိုမျိုးမင်းအောင်၊ ကိုပြည်စိုး၊ မအေးအေးမျိုးနဲ့ မယဉ်ယဉ်ခန့်တို့ (၆) ဦးဟာ ဒီကနေ့မှာပဲ မရမ်းကုန်းမြို့နယ်တရားရုံးကနေ တဆင့် လှိုင်သာယာ မြို့နယ် တရားရုံးမှာ ထပ်မံ စစ်ဆေးခံရဖို့ ရှိသေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ကိုရီးယားနိုင်ငံသားပိုင် မြူးနဲ့ဇူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက် အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးကို လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာပါ။