ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်လာနိုင်

မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းကို ဧပြီ ၈ ရက် ပြီးခဲ့တဲ့ သောကြာနေ့က ရှမ်းပြည်နယ် ဗထူးတပ်မြို့မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

0:00 / 0:00

သူ့ရဲ့ မိန့်ခွန်းအရ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သြဇာခံတပည့်ရင်း ဖြစ်တာနဲ့အညီ ယခင် ကာကွယ်ရေး ဦးစီးချုပ်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စောမောင်တို့လို အာဏာသိမ်း စစ်ခေါင်းဆောင်တဦး ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေအကြား သုံးသပ်မှုတွေ ထွက်ပေါ်လာပါတယ်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အကြောင်း နိုင်ငံတကာ သတင်းစာစောင်တွေမှာ ဆောင်းပါး ရေးသားဖော်ပြခဲ့သူ မြန်မာသတင်းသမဂ္ဂရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်း တင်ပြထားပါတယ်။

အသံဖိုင်ယူရန်