ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျော့ဂ်ျ ဆိုးရော့စ် ဇန်န၀ါရီ ၂ ရက် တွေ့မည်

2011-12-29

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုက နာမည်ကျော် ဘီလျံနာ သူဌေးကြီး ဂျော့ဂ်ျ ဆိုးရော့စ် (George Soros) ဟာ ဇန်န၀ါရီလ ၂ ရက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က အာရ်အက်ဖ်အေကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

World Economic Forum

ဟန်ဂေရီနွယ်ဖွား အမေရိကန် ဘီလျံနာ သူဌေးကြီး ဂျော့ဂ်ျ ဆိုးရော့စ် (George Soros)။

မစ္စတာ ဆိုးရော့စ်ဟာ ၈ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရှမ်းပြည်နယ် အင်းလေးဒေသ အပါအ၀င် နိုင်ငံတ၀န်းက နေရာအတော်များများကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အသက် ၈၁ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ ဆိုးရော့စ်ဟာ ၈ လေးလုံးအရေးတော်ပုံ နောက်ပိုင်းကစလို့ သူထူထောင်ထားတဲ့ Open Society Foundation ကတစ်ဆင့် ပြည်တွင်း ပြည်ပက မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် နှစ်စဉ် ဒေါ်လာငွေ ၂ သန်းလောက် ထောက်ပံ့ပေးလာခဲ့ပါတယ်။

ဂျော့ဂ်ျ ဆိုးရော့စ်ဟာ အခုလ ၂၆ ရက်က ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး သားနှစ်ယောက်နဲ့ Open Society Foundation က ၀န်ထမ်းတချို့လည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ

လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို

NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးဖို့ရှိ

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်