ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျော့ဂျ် ဆိုးရော့စ် ဇန်နဝါရီ ၂ ရက် တွေ့မည်

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုက နာမည်ကျော် ဘီလျံနာ သူဌေးကြီး ဂျော့ဂျ် ဆိုးရော့စ် (George Soros) ဟာ ဇန်နဝါရီလ ၂ ရက်မှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က အာရ်အက်ဖ်အေကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

2011.12.29
george-soros-200 ဟန်ဂေရီနွယ်ဖွား အမေရိကန် ဘီလျံနာ သူဌေးကြီး ဂျော့ဂျ် ဆိုးရော့စ် (George Soros)။
World Economic Forum

မစ္စတာ ဆိုးရော့စ်ဟာ ၈ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရှမ်းပြည်နယ် အင်းလေးဒေသ အပါအဝင် နိုင်ငံတဝန်းက နေရာအတော်များများကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အသက် ၈၁ နှစ် ရှိပြီဖြစ်တဲ့ မစ္စတာ ဆိုးရော့စ်ဟာ ၈ လေးလုံးအရေးတော်ပုံ နောက်ပိုင်းကစလို့ သူထူထောင်ထားတဲ့ Open Society Foundation ကတစ်ဆင့် ပြည်တွင်း ပြည်ပက မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှုတွေအတွက် နှစ်စဉ် ဒေါ်လာငွေ ၂ သန်းလောက် ထောက်ပံ့ပေးလာခဲ့ပါတယ်။

ဂျော့ဂျ် ဆိုးရော့စ်ဟာ အခုလ ၂၆ ရက်က ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး သားနှစ်ယောက်နဲ့ Open Society Foundation က ဝန်ထမ်းတချို့လည်း လိုက်ပါလာတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။