အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ် က ၈၈ ကျောင်းသားအဖွဲ့နဲ့ ဆွေးနွေး

Open Society Foundation အဖွဲ့တည်ထောင်သူ ဂျော့ဆိုးရောစ့်နဲ့ အဖွဲ့ဟာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဒီကနေ့ မနက်ပိုင်းက Chatrium Hotel မှာ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မစ္စတာ ဆိုးရော့စ် က သူ့အနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ ပြောကြားခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုပြုံးချိုက RFA ကို ပြောပါတယ်။

ဒီကနေ့တွေ့ဆုံပွဲမှာ တိုင်းရင်းသားဒေသတွေရဲ့ ပဋိပက္ခတွေအပြင် မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ နိုင်ငံသားအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက်ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ကိုပြုံးချိုက ဆက်ပြောပါတယ်။

ဒီံဆွေးနွေးပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်နဲ့ ကိုမင်းဇေယျတို့ တက်ရောက်ခဲ့ပါတယ်။

မစ္စတာ ဆိုးရောစ့်နဲ့အဖွဲ့ဟာ ၈၈မျိုးဆက်ကျောင်းသားတွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်နဲ့လည်း ဒီကနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း သီးသန့်တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

မစ္စတာ ဆိုးရော့စ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုနေရိန်ကျော် ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

0:00 / 0:00