ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းသင့် ပြည်သူတွေအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကူညီ ထောက်ပံ့တဲ့ အလှူငွေ ၃၉ သိန်းကို လေဘေးသင့် ပြည်သူတွေထံ NLD အဖွဲ့ဝင်တွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်က ဆိုင်ကလုံး ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် လေဘေးဒုက္ခသည်များ ကျောက်ဖြူမြို့ရှိ ဘုန်းကြီးကျောင်းတခုသို့ စုရုံး ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: RFA Listener)
ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ လှူဒါန်းလိုက်တဲ့ ကျပ်ငွေ ၃၉ သိန်းကို ရခိုင်ပြည်နယ် NLD အဖွဲ့ဝင်တွေ စုစည်း ဖွဲ့စည်းထားတဲ့ ဂီရိ မုန်တိုင်းသင့် ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ထောင်ရေး ကော်မတီက ဦးဆောင်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့က စလို့ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေ အတွင်းက ကျေးရွာတွေမှာ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို လှူဒါန်းခဲ့ကြတာနဲ့ ပတ်သက်ပြီး ဦးဆောင် ပါဝင်ခဲ့တဲ့ NLD ဗဟိုဦးစီး အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်ပြည်နယ် တွဲဘက် အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးသိန်းလှိုင်က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။
“နိုဝင်ဘာ ၂၄ ရက်နေ့က ဒေါ်စုနဲ့ ကျနော်ရယ် ဒေါ်ညိုအေးရယ်၊ နောက် ကိုစိုးလေးရယ် သုံးယောက် တွေ့ပြီးတော့ အလှူငွေတွေကို လက်ခံတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့မှာ မြေပုံမြို့နယ် အမျက်ထွက်ရွာရယ် ပေါက်ကုန်မြို့နယ် သဲတွေရွာ။ ဒီဇင်ဘာ ၁ ရက်နေ့ကျတော့ ကျင်းခြံရယ် နောက် ကွမ်းခြံရွာ။ ဒီဇင်ဘာ ၂ ရက်နေ့မှာ သရက်ချောင်း ရွာဟောင်း သရက်ချောင်းရွာသစ် သွားပြီးတော့ လှူတယ်။ အိမ်ထောင်စု တစုကို ဆန် ငါးပြီ၊ ငွေ ငါးထောင်စီ လှူတယ်။ အားလုံး ၃၉ သိန်းနဲ့ ငါးသောင်းကျပ်ဖိုး ကျနော်တို့ လှူနိုင်ခဲ့တယ် ခင်ဗျ။ ဒါဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ လှူတဲ့အလှူ ဖြစ်တယ်လို့ ပြောပြတယ်။ သူတို့ကလည်း ဒေါ်စု အပေါ်မှာ အင်မတန်မှ ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်းကို ကျနော်တို့ကို ပြောတယ်ခင်ဗျ”
ဂီရိမုန်တိုင်းဒဏ် ခံခဲ့ကြရတဲ့ ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေအောင် အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေသလို မုန်တိုင်းသင့် ပြည်သူတွေထံ သွားရောက်ကူညီခဲ့တဲ့ ခရီးစဉ် တလျှောက်မှာလည်း လမ်းခရီး အခက်အခဲတွေ ကြုံခဲ့ကြရတယ်လို့ ဦးသိန်းလှိုင်က ဆက်ပြောပါတယ်။
အလှူရှင်တွေက ကူညီကြတယ် ဆိုပေမယ့် တကယ်တမ်း မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ကြုံခဲ့ရတဲ့ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောစတဲ့ မြို့နယ်တွေအတွင်းက ကျေးရွာအတော်များများမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေဆဲ ဖြစ်သလို ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ အတွက်လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီးချိန်မှာပဲ မုန်တိုင်းသင့် ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ထောင်ရေး ကော်မတီဟာ ကျောက်ဖြူမြို့နယ်က ကျေးရွာ ၆ ရွာလောက်ကို ဆန်အိတ် ၁၀၀ လှူဒါန်းခဲ့သလို နိုဝင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာလည်း ဒေါ်မေ၀င်းမြင့် ဦးဆောင်တဲ့ အဖွဲ့နဲ့အတူ ကျောက်ဖြူနဲ့ မြေပုံမြို့နယ်တွေမှာ ဆန်အိတ် ၁၀၀ နဲ့ အ၀တ်အထည်တွေ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
ဒေါ်အောင်ဆန်းစုကြည် ကော့မှူး ပြည်သူ အခက်အခဲ သွားရောက်လေ့လာ
လွှတ်တော်တွင်းကနေ ပြည်သူ ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား
ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် အမေရိကန်ကြိုဆို
ကမ္ဘာ့အလုပ်သမားနေ့ ရခိုင်နှင့် ရန်ကုန်တို့တွင် ကျင်းပ
NLD လွှတ်တော် တက်ရောက်ဖို့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘန်ကီမွန်း ပြောဆို
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ
လွှတ်တော်ကိုယ်စားလှယ်တွေအတွက် NLD ဥပဒေသင်တန်း ပြီးဆုံး
ကျမ်းကျိန်စာသား ကိစ္စကြောင့် NLD ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အချိန်မီ မတက်နိုင်
ဘာသာရေး အငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
မှတ်ချက်များ
Click here to add your own comment