မိုးထိမိုးမိ ရွှေလုပ်သားဇုန်တွင်း ကုမ္ပဏီ ပြောက်ကျားအဖွဲ့ လက်နက်ကိုင်ဝင်ရောက်

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသမှာ ဒီကနေ့ မနက်ပိုင်းက ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့ လူ (၁၀၀) ကျော်က တုတ်တွေ၊ လက်ထိပ်တွေ ကိုင်ဆောင်ပြီး ရွှေလုပ်သားတွေ အလုပ်လုပ်နေတဲ့ ထုံးကြီးဇုန် (၈) ထဲကို ကျူးကျော်ဝင် ရောက်လာခဲ့တဲ့ အတွက် ရွှေလုပ်သားတွေနဲ့ ကျူးကျော် ၀င်ရောက်လာသူတွေ အကြား အဓိကရုဏ်း ဖြစ်ပွားခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
2012-09-02
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
gold-mine-strike-b305
ရွှေမြင်တင် ဘုရားတောင်ခြေတွင် လုံခြုံရေးများ၏ ပိတ်ဆို့တားဆီးခံနေရသော မိုးထိ မိုးမိ ရွှေတွင်းလုပ်သားများ
RFA

ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့သူတွေဟာ ရွှေတူးဖော်ရေး လုပ်ကိုင်နေတဲ့ အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်ပြီး မခံမရပ်နိုင်တဲ့ တခြား ရွှေတူးဖော်ရေးဇုန်တွေကပါ အလုပ်သမားတွေ သောင်းနဲ့ချီ စုဝေးခဲ့ကြတယ်လို့ ထုံးကြီးဇုန် (၈) က ရွှေလုပ်သားတစ်ဦးက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ဇုန် (၈) ထဲကို ပြောက်ကျားဝတ်စုံ ၀တ်ထားတဲ့သူ တစ်ရာကျော် ဝင်ချလာတယ်။ ကျွန်တော်တို့က ၀င်ခွင့်မပေးဘူး။  ကျွန်တော်တို့ ရွှေလုပ်သားတွေနဲ့ ၀င်လာတဲ့အခါမှာ ရိုက်မယ်၊ နက်မယ် ဖြစ်ကုန်တာပေါ့ခင်ဗျ။ ဒါပေမယ့် သူတို့က နောက်ပြန်ဆုတ်သွားတယ်။ ကျွန်တော်တို့ကလည်း တာဝန်ရှိတဲ့သူတွေကို အကြောင်းကြားတယ်။ သူတို့က အခုအချိန်အထိ လက်ခံတွေ့ဆုံတာ မရှိသေးဘူး။ ဒီပြင့်ဇုန်တွေကပါ ကျွန်တော်တို့နဲ့ အားလုံး လာပူးပေါင်းတယ်။ လူအင်အားက အခုအားလုံး စုလိုက်ရင် တစ်သောင်းကျော် ဖြစ်သွားလိမ့်မယ်။"

အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ သဘောတူ စာချုပ်ပါ အချက် (၆) ချက်ကို ကုမ္ပဏီဘက်က ဖောက်ဖျက်တဲ့ အတွက် မိုးထိ မိုးမိတောင် ရွှေတူးဖော်ရေး လုပ်ငန်းက အလုပ်သမားတွေက အခုလို တောင်းဆို တိုက်ပွဲဝင် နေကြတာ ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကတော့ အလုပ်သမားတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို တစုံတရာ ဖောက်ဖျက်မှု မရှိခဲ့ဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန်မြို့ မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မိုးထိမိုး မိဒေသက ရွှေလုပ်သားတွေဟာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီကို လူဦးရေ (၁၀၀၀) နဲ့ ဆန္ဒပြဖို့အတွက် မနက်ဖြန် မနက်ပိုင်းမှာ ရမည်းသင်း မြို့နယ် ရဲစခန်းမှာ တရားဝင် စာတင် လျှောက်ထားမယ်လို့ သိရပါတယ်။

ကွန်မင့်များ (3)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

မဖေါ်တော့ပါ

ဲမြန်မာ ပြည်သူ လူထုတရပ်လုံး ဆင်းရဲရေးပပြောက်ဖို့အတွက် ပြည်သူ့အားလုံး ညီညီညွန့်ညွန့်နှင့်ကျိုးပန်းကြရန်

Sep 03, 2012 01:25 AM

အမည်မဖော်လိုသူ

မြန်မာနိုင် သူလူတန်းစားမြင့်တင်ရေးအတွတ် ညီညွန့်ကြပါ

Sep 03, 2012 01:15 AM

အမည်မဖော်လိုသူ

အလုပ်၇ှင်နှင့်အလုပ်သမား မျက်နှာချင်းဆိုင်ဆွေးနွေး ကြပါ။တည်ဆဲဥပဒေကိုလိုက်နာပါ။ကိုယ်ချင်းစာစိတ်ကိုယ်စီနှလုံးသွင်းကြပါ။ တို့ဗမာ တိုးတက်ဖို့ စည်းစည်း၇ုံး၇ုံး ၇ှိကြတာ ကြိုဆို၇မှာပါ။

Sep 02, 2012 12:45 PM