KNU တပ်မဟာ (၂) နယ်မြေမှာ အစိုးရလေတပ်ကဗုံးကျဲ


2015.05.02

တောင်ငူခရိုင် KNU/KNLA တပ်မဟာ (၂) ဌာနချုပ်အနီးမှာ မြန်မာအစိုးရလေတပ်က ဗုံး (၃) လုံးကျဲချခဲ့တဲ့အတွက် အနီးတဝိုက်ဒေသခံတိုင်းရင်းသားတွေ စိုးရိမ်မကင်း ဖြစ်နေတယ်လို့ သိရပါတယ်။

မြန်မာ့တပ်မတော်-လေက ဧပြီလ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့မှာကျဲချခဲ့တာလို့ KNU တွဲဘက် အတွင်း ရေးမှူး (၁) ပဒိုစောသောသီဘွဲက RFA ကိုပြောပါတယ်။

"၂၉ ရက်နေ့ နံနက် ၈ နာရီခွဲလောက်မှာ ၂ လုံးဗုံးကျဲတယ်၊ နောက်ပြီးတော့ ၃၀ ရက်နေ့ ၁၁ နာရီ မှာ နောက်ထပ် ၁ လုံးကျဲတယ်၊ အခုဗုံးကျတဲ့ နေရာက ရွာသူ၊ ရွာသားတွေ၊ လူထုတွေ၊ နောက်ပြီး ခြံတွေ၊ ကိုင်းတွေ၊ နေထိုင်တဲ့ နေရာဒေသဖြစ်တယ်၊ ထို့နည်းတူဘဲ ကျနော်တို့ရဲ့ဌာနချုပ်နဲ့လည်း အလွန်နီးစပ်နေ ပါတယ်"

အခုလိုဗုံးကျဲခဲ့တဲ့ကိစ္စအတွက် မြန်မာစစ်တပ်အာဏာပိုင်တွေကို သူတို့ဆက်သွယ် မေးမြန်းတဲ့အခါ စစ်ရေးလေ့ကျင့်တာ လို့ပြောဆိုကြောင်းနဲ့ လေ့ကျင့်မှု ကို မေလ ၇ ရက်နေ့ထိသတ်မှတ်ထားတဲ့အကြောင်းသိရတယ်လို့ ပဒိုစောသောသီဘွဲ က ပြောပါတယ်။

ဒါပေမယ့် အဲဒီနေရာဟာ စစ်ရေးလေ့ကျင့်ဖို့ သင့်တော်တဲ့နေရာမဟုတ်သလို၊ ကြိုတင်အကြောင်း ကြားပြီးဆောင်ရွက် တာမဟုတ်တဲ့ အတွက်ဒေသ ခံပြည်သူတွေကြား စိုးရိမ်နေကြပြီး၊ ဒီလိုအပြုအမူကြောင့် တစ်နိုင်ငံလုံးအပစ်ရပ်ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုကိုလဲ သံသယဝင်စေနိုင်တယ် လို့ ပြောပါတယ်။

တောင်ငူခရိုင်က KNU/KNLA တပ်မဟာ (၂) ဌာနချုပ်အနားမှာ မြန်မာလေတပ်က ဗုံးကျဲခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ KNU တွဲဘက် အတွင်း ရေးမှူး (၁) ပဒိုစောသော သီဘွဲကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။