တင်းမာမှုြုဖစ်အပြီး ပထမဆုံးအကြိမ် UWSA အဖွဲ့ နဲ့ မြန်မာအစိုးရ တွေ့ဆုံဆွေးနွေး


2013.07.12

"ဝ" ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA အဖွဲ့က ခေါင်းဆောင်တွေ နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ တွေ့ဆုံ ဆွေးနွေးနေပြီး မနက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ညနေမှာ SSPP/SSA ရှမ်းပြည်နယ် မြောက်ပိုင်းတပ်ဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

UWSA အဖွဲ့က စီးပွားရေး ဌာနကြီးမှူး ပေါက်ယိုလျံ က ဦးဆောင်ပြီး အဖွဲ့င် ၅ ယောက်ပါ ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည်နယ် အရှေ့ ပိုင်း တြိဂံတိုင်း စစ်ဌာနချူပ်မှာ ဒီနေ့ညနေပိုင်းကစလို့ တွေ့ဆုံနေပြီး ဒီကနေ့ညနေ ၅ နာရီကျော်အထိ ဆက်သွယ် မေးမြန်းချက်အရ ဆွေးနွေးပွဲ မပြီးဆုံးသေးပဲ မနက်ဖြန် မနက်ပိုင်းအထိ ဆက်ဆွေးနွေးဖို့ရှိနေတယ်လို့ "ဝ" တပ်ဖွဲ့နဲ့နီးစပ်သူ တရုတ်-မြန်မာနယ်စပ်က ဦးအောင်ကျော်ဇောက အခုလို ပြောပါတယ်။

"အစည်းအေးက ကျနော်ထင်တယ်၊ ဒီနေ့တစ်ရက်ထဲနဲ့ ပြီးမယ်မထင်ဘူး၊ ကျနော်လှမ်းမေးနေတာ မပြီးသေးပါဘူး၊ သူတို့က ဒီနေ့မနက် ကိုသိန်းဇော်တို့ က ၁ နာရီကျော်မှ ရောက်တယ်၊ ကျနော်တို့ အဖွဲ့ကတော့ မနက် ၉  နာရီဆို ရောက်ပါပြီ၊ ဒီနေ့လာတဲ့ ဟိုဘက်ဒီဘက်ကတော့ ပြဿနာကို အခိုင်အမာညှိမယ့်လူတွေပဲ၊ အဓိကကျတာကတော့ လာတာ တပ်ကတိုင်းမှူးပါတယ်၊ သုံးလေးငါးယောက် လာကြတာကိုး၊ ဒီဘက်ကလည်း တောင်ပိုင်းတပ်မှူး ပါတယ်လေ"

နှစ်ဖက် ဆွေးနွေးပွဲမှာ အချက် ၅ ချက်ကို အဓိကထားဆွေးနွေးဖို့ရှိပြီး အဲ့ဒီအချက်တွေထဲမှာ မိုင်တုံမြို့နယ် ပုံပါကျင်အခြေစိုက် အစိုးရတပ် စစ်ဗျူဟာကနေပြီး UWSA တပ်တည်နေရာတွေနဲ့ အင်အား စာရင်း တောင်းခံတဲ့အကြောင်း၊ UWSA တပ်စခန်းတွေကို အစိုးရတပ်တွေ လာရောက် ရင်ဆိုင်ထားတဲ့အကြောင်းနဲ့ UWSA တပ်ဖွဲ့ပိုင် ရာဘာ စိုက်ခင်းတွေကို အစိုးရတပ်တွေ လာရောက် သိမ်းယူတဲ့ကိစ္စနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့နေရာကို အစိုးရတပ်တွေ ပိတ်ပင် တားဆီးလိုက်တဲ့ကိစ္စတွေကို အဓိက ထားဆွေးနွေးကြမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို UWSA ဖက်က စီးပွားရေး ဌာနမှူး ပေါက်ယိုလျံ ဦးဆောင်ပြီး UWSA တောင်ပိုင်းတပ်ဖွဲ့ အမှတ် ၁၇၁ စစ်ဒေသမှူး ေရှောရင်၊ ဒု ဦးစီးမှူး စိုင်းစံ၊ ဆက်သွယ်ရေး ဌာနမှူး ကျောက်ကုန်အန်းနဲ့  ဦးအောင်မြင့်တို့ ပါင် တက်ရောက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့ဟာ UWSA အဖွဲ့နဲ့ တွေ့ဆုံပြီးရင် ဇူလိုင်လ ၁၃ ရက်နေ့ မနက်ဖြန် ညနေပိုင်းမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာ SSPP ရှမ်းပြည် တိုးတက်ရေး ပါတီက အတွင်းရေးမှူး ကြောက််ခွန်ဆရမ် ခေါင်းဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်တယ်လို့ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အခုလို ပြောပါတယ်။

"မနက်ဖြန် ညနေပိုင်းလောက် ဖြစ်မယ်၊ သူတို့က ကျနော်တို့ ဗဟိုကို ဖုန်းနဲ့လှမ်းချိတ်တယ်။ အဲ့ဒီ ၁၃ ရက်နေ့မှာ သူတို့လားရှိုးမှာတွေ့ဖို့ အကြောင်းကြားတာပေါ့၊ ကျနော်တို့လားရှိုးကိုရောက်နေပြီလေ၊ သူတို့ နဲ့တွေ့ပြီးရင် ကျနော်တို့ ဖက်လာမယ်၊ အကြမ်းဖျဉ်းတော့ အဲ့ဒီလိုပဲသိရတယ်၊ ကျနော်တို့ဘက်က ကျနော်တို့အတွင်းရေးမှူး ကြောက်် ခွန်ဆရမ်က သူဦးဆောင်ပြီးတော့ ခြောက်ယောက်ခုနှစ်ယောက်လောက်ပေါ့၊ လားရှိုး ကျနော်တို့ တိုင်းမှာပဲတွေ့မယ်။ သူတို့ပြောတာတော့ တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလို့ပဲ ပြောတယ်"

SSPP ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က  တွေ့ဆုံဆွးနွေးခဲ့ကြပြီး ပြသနာဖြစ်ပွားနိုင်တဲ့ နှစ်ဖက်တပ်ပိုင်ဆိုင်ရာ ကိစ္စတွေ ညှိနှိုင်းဖို့အပါအင် အချက်လေးချက်ကို သဘောတူလက်မှတ်ထိုးခဲ့ကြပါတယ်။

ဒါပေမယ့် အစိုးရတပ်ဖွဲ့က SSA မြောက်ပိုင်းတပ်ဖွဲ့ အခြေစိုက်နေရာယူထားတဲ့ တာဆမ်ပူတပ်စခန်းကို ဇွန်လ ၂ ရက်နေ့က ဆုတ်ခွာပေးဖို့ ညွန်ကြားခဲ့ပြီး SSPP ရဲ့မ်ဟိုင်းဌာနချူပ်အနီးက တပ်စခန်းတစ်ခုကိုလည်း စစ်ကြောင်းနှစ်ကြောင်းနဲ့ ိုင်းထားတာကြောင့် စစ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

SSPP ရှမ်းပြည်တိုးတက်ရေးပါတီ SSA မြောက်ပိုင်း တပ်ဖွဲ့ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့ ၂၁၂ ခုနှစ် ဇန်နါရီလမှာ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

တချိန်ထဲမှာလည်း မြန်မာအစိုးရ Peace Center က နည်းပညာအဖွဲ့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသား တပ်မတော်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မနက်ဖြန် ညနေပိုင်းမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။