ကချင်ပြည်နယ်ဖားကန့်နယ်မှာ ဖြစ်ပွားနေတဲ့ အစိုးရ တပ်တွေနဲ့ KIA တပ်တွေရဲ့ တိုက်ပွဲများဟာ ပြန်လည် ငြိမ်သက်နေပြီဆိုပေမယ့် ဇန်နဝါရီလ ၂၄ရက်နေ့ မွန်းလွဲ ပိုင်းက မိုးကောင်းနဲ့ ကာမိုင်းလမ်းမှာ ရင်ဆိုင်တိုက်ပွဲဖြစ် ပွားခဲ့တယ်လို့ KIA တပ်ရင်း- ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့် က ပြောပါတယ်။
အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ပြီးခဲ့တဲ့အပတ်က တိုက် ပွဲတွေဖြစ်ပွားတဲ့ လုံးခင်းဒေသ နဲ့ မိုင်၅ဝ ကျော်ဝေးတယ် လို့ ဆိုပါတယ်။ တိုက်ပွဲဟာ KIA တပ်ရင်း ၆ နဲ့ အစိုးရတပ် ခလရ ၃၇ နဲ့ဖြစ်ပွားတာလို့ ဗိုလ်မှူးတန်ဆန့် က ပြော ပါတယ်။
"ခလရ ၃၇နဲ့ မိုးကောင်းနဲ့ ကာမိုင်း ကြားမှာ ၂ နာရီလောက်ပါပဲ၊ ၂ နာရီ နည်းနည်းစွန်းဆိုတော့ တိုက်ပွဲကပြီးသွားပါပြီ၊ ၁ နာရီလောက်ပဲ တိုက်ပွဲဖြစ်တာပါ"
တိုက်ပွဲဟာ ၁ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး ခလရ (၃၇) က လူအင်အား ၇၀ ကျော်တယ် လို့ ဆိုပါတယ်။ နှစ်ဘက် အကျ အဆုံးနဲ့ ထိခိုက်မူများနဲ့ ပတ်သက်လို့ အတိအကျမသိရသေးဘူးလို့လည်း သူက ပြောပါတယ်။
ဒီအတောအတွင်း ပြီးခဲ့တဲ့အပတ်က တိုက်ပွဲတွေဖြစ်ပွားတဲ့ လုံခင်းနယ်က ကန့်ဆည် ရွာမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၁၅၀၀ ကျော်အနက် ၃၀၀ ခန့် နေရပ်ပြန်တယ် လို့ ဒီကနေ့ ဒုက္ခသည်တွေကို ရိက္ခာသွားရောက်ပို့ဆောင်တဲ့ လုံခင်း မြို့နယ် ရပ်ကျေးတာဝန်ခံ ဦးချိုသန့် ကပြောပါတယ်။ ဒုက္ခသည်တွေအတွက် ရိက္ခာများ ပို့ဆောင်လျက်ရှိရာမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်း လေး ၄ ကြိမ်သွားရောက်ခဲ့ပြီးဖြစ်တယ်လို့သိ ရပါတယ်။
ဒုက္ခသည်တွေကို ရိက္ခာသွားပို့တဲ့ ဦးချိုသန့်နဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။