အစိုးရရဲ့ စီးပွားရေးမူဝါဒ ထုတ်ပြန်

အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ခွဲဝေအသုံးချနိုင်မယ့် အစိုးရရဲ့ စီးပွားရေးမူဝါဒကို ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ကျင်းပပြီး နိုင်ငံနဲ့ ပြည်သူ ဖွဲ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး ရေးဆွဲထားတာဖြစ်တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် က ပြောပါတယ်။

"ကျနော်တို့ အဓိက စီးပွားရေးမူဝါဒကိုဆွဲရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ ပြည်သူရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ကို ရည်ရွယ်တာပေါ့၊ ဒါကတော့ အမြဲတမ်းမှန်တဲ့ကိစ္စပါ၊ နိုင်ငံနဲ့ လူမျိုးရဲ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ချမှတ်ရေးဆွဲတဲ့မူဝါဒပေါ့"

အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး စည်းလုံးညီညွတ်တဲ့ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထော င်စု ဖြစ်လာစေရေးကို အထောက်အပံ့ ဖြစ်စေတဲ့ မူဝါဒအဖြစ် ကျင့်သုံးဖို့ ရည်မှန်းတယ်လို့လည်း ပါရှိပါတယ်။

အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးဖို့၊ နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း မြင့်မားတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဖို့နဲ့ မျှတတဲ့ အခွန်စနစ် ထူထောင်ဖို့ စတဲ့ မူဝါဒပေါင်း ၁၂ ချက် ပါဝင်ပါတယ်။