အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံး လူ့အခွင့်အရေး ဖောက်ဖျက်

အစိုးရနဲ့ ကေအိုင်အေ နှစ်ဖက်လုံးက တပ်ဖွဲ့တွေဟာ ကချင်ပြည်နယ် ဒေသခံ လူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

2012.08.14
u-win-mara-b305 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ ဖြစ်ပါသည်။
RFA

ဘယ်လို အကြောင်းမျိုးနဲ့မှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဖို့နဲ့ လူ့အခွင့်အရေး စံညွှန်းတွေနဲ့အညီ ဆောင်ရွက်ဖို့လည်း ကော်မရှင်က ဒီကနေ့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဒေသခံတွေအပေါ် လက်နက်ကိုင် တပ်ဖွဲ့တွေက ညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်း မိမိတို့အဖွဲ့က တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။။

"သွားပြီးတော့ စစ်ဆေးတဲ့အခါမှာ ပေါ့နော်။ ညှဉ်းပန်း နှိပ်စက်တယ် ဆိုတာမျိုးကို ကျွန်တော် တွေ့ရတယ်။ တွေ့ရတော့ ဒီမှာလည်းပဲပေါ့နော်၊ ဒီလူ့အခွင့်အရေးရဲ့ စံတစ်ခုဖြစ်တဲ့ ညှဉ်းပန်း နှိပ်စက်မှုကို မပြုရဘူးပေါ့နော်။ Torture မလုပ်ရဘူးဆိုတဲ့ ဟာနဲ့ ပတ်သက်ပြီးတော့လည်းပဲ ရှောင်ရှားကြဖို့ လိုအပ်ပါတယ်ဆိုတဲ့ တိုက်တွန်းချက်ပေါ့နော်။ ဒါလူ့အခွင့်အရေး စံတွေနဲ့ ကျွန်တော်တို့ အရေးကြီးတာတွေ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါကိုတော့ သွားပြီးတော့ စုံစမ်းစစ်ဆေးရင်းနဲ့ ကျွန်တော်တို့ ဒီအရေးကြီးတဲ့ အချက်လေးတွေကိုလည်း ထည့်သွင်းဖောြ်ပပါတယ်"

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဇူလိုင်လ ၂၃ ရက်ကနေ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော် မြို့နယ်တွေထဲက စစ်ပြေးဒုက္ခသည် စခန်း ၁၆ ခုကို သွားရောက် လေ့လာခဲ့ရာမှာ နှစ်ဖက်တပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကို တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။