တရားစီရင်ရေးစနစ် မှန်ကန်ဖို့ လွှတ်တော်နဲ့ အစိုးရကူညီမှု လိုတယ်လို့ ဒေါ်အောင်ဆန်း စုကြည် ပြော


2013.08.14
dassk-rul-of-law-committee-305.jpg သြဂုတ်လ ၁၄ ရက်နေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်
Photo: RFA

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ် ဖြောင့်မတ် မှန်ကန်ဖို့ လုပ်ဆောင်ရာမှာ မိမိတို့ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကို ဥပဒေပြုရေးအပိုင်းဖြစ်တဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာက ိုင်းန်ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က  ပြောကြား လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဒီနေ့ဆွေးနွေးတဲ့ တရားစီရင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ က ဆွေးနွေးအပြီး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က အခုလို အစီရင်ခံစာနဲ့ ပတ်သက်ပြီး ရှင်းပြစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

ကော်မတီရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း တတ်နိုင်သမျှ လွှတ်တော်ကနေပြီးတော့ ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးဖို့လိုသလို အုပ်ချုပ်ရေးပိုင်းဆိုင်ရာကလည်း ကူညီပံ့ပိုးပေးဖို့လိုပါတယ်၊ ကျမတို့ရဲ့ တွေ့ရှိချက်တွေမှာ ကြည့်လိုက်မယ်ဆိုရင် ၂၁ ချက်ရှိပါတယ်၊ အဲဒီထဲက ၉ ချက်ဟာ အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်နေတာကို တွေ့ရပါလိမ့်မယ်၊ နောက် ၈ ချက်ကတော့ တရားစီရင်ရေးအပိုင်းနဲ့ ဆိုင်နေတာကို တွေ့ရပါလိမ့်မယ်၊ ၄ ချက်ကတော့ ရဲအဖွဲ့နဲ့ ဆိုင်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံးမှာ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်စရာတွေ အများကြီးရှိသေးကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက်လုပ်နိုင်အောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအေးမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရဲ့ အစီရင်ခံစာကို တင်သွင်းခဲ့တာဖြစ်ပြီး၊ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၆ ဦး ဆွေးနွေးခဲ့ကြပြီး ပြည်သူ့လွှတ်တော်က အဆိုကို အတည်ပြုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။