အသစ်ခန့်အပ်မည့် ၀န်ကြီးများ အရပ်သားပညာရှင် ပါဝင်ဖို့ရှိ

သမ္မတ ဦးသိန်းစိန် အခုရက်ပိုင်းအတွင်း စတင်ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အချိန်ကာလ (၂)လ လောက် ကြာမြင့်ဖို့ရှိပြီး ပြုပြင်ပြောင်းလဲရေး မလုပ်ချင်တဲ့ ၀န်ကြီးတွေကို ဆက်လက် အနားပေးသွားမှာ ဖြစ်သလို အသစ်ခန့်အပ်မယ့် ၀န်ကြီးတွေထဲမှာလည်း အရပ်သား ကျွမ်းကျင် ပညာရှင်တွေ ပါဝင်လာဖို့ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
2012-08-29
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-thein-sein-meeting-b305
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးနေစဉ်။
Photo: Myanmar President Office

သမ္မတ ဦးသိန်းစိန်အနေနဲ့ ရာထူးက အနားပေးလိုက်တဲ့အတွက် လစ်လပ်သွားတဲ့ ၀န်ကြီးတွေနေရာတွေကို အသစ်ခန့်အပ်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်နဲ့ တိုင်ပင် အတည်ပြုချက် ရယူပြီးမှ ဆောင်ရွက်သွားမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် ဖောင်းပွနေတဲ့ ၀န်ကြီးဌာနတွေကိုလည်း ကျစ်ကျစ် လစ်လစ်ဖြစ်အောင် အသစ်ပြန်လည် ဖွဲ့စည်းမယ်လို့ သိရပါတယ်။ ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာတော့ ဆောက်လုပ်ရေး ၀န်ကြီး ဦးခင်မောင်မြင့်၊ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးဇော်မင်းနဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်တို့ကို ရာထူးမှ နှုတ်ထွက်ခွင့်ပြုကြောင်း ဖော်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

အမည်မဖော်လိုသူ

သမ္မတရုံးဝန်ကြီးဌာန၀န်ကြီး ( ၆ ) ဦးအထိထားရှိတာ ကမ္ဘာမှာမြန်မာတစ်နိုင်ငံထဲရှိမှာပါ ဒုဝန်ကြီး ( ၃ ) ဦးစီထားတာလဲ အရမ်းလွန်ပါတယ်

Sep 03, 2012 05:40 AM

အမည်မဖော်လိုသူ

ထူးခြားလာမယ်လို့ထင်သလား။ ဒီတိုင်းတိုင်း ဒီတိုင်းတိုင်းပါဘဲ။

Aug 31, 2012 04:32 AM

Aung

နေရပ်- N/Dagon

Pls, choose from the civilians.

Aug 30, 2012 08:19 PM

အမည်မဖော်လိုသူ

တိုင်းဒေသကြိးဝန်ကြိးချုပ်တွေကော ပြောင်းလဲဘို့မရှိဘူးလား
အများမျှော်လင့်နေတာက ဒီကိစ္စပိုပါတယ်။

Aug 30, 2012 07:29 AM

Ko Khine

Happy to heard that U Zaw Min is finally out from his post. At the same time U Khin Aung Myint and U Lwin Maung is also out of their post . Good to hear for that. I hope their vacant post will go to the NLD and some of ethnic minorities. Thank you for posting the news in time.

Aug 29, 2012 09:54 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.