အစိုးရမှာ ဆွေးနွေးလိုစိတ် မရှိကြောင်း ကရင်နဲ့ မွန်ခေါင်းဆောင်တွေ ပြောဆို

NLD ပါတီဟာ တရားမဝင် ပါတီဖြစ်တာကြောင့် လက်ရှိ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက သတိပေးကြေညာချက် ထုတ်ပြန်လိုက်တာဟာ ပြည်သူတွေကြား ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ဦးဆောင်မှုအပေါ် စိုးရိမ်ထိတ်လန့်ရာ ရောက်နေတယ်လို့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေက သုံးသပ်ကြပါတယ်။

2011.06.29

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်တွင်း NLD လွှတ်တော်အမတ်တွေနဲ့ လက်နက်ကိုင် တိုင်းရင်းသား KNU ကရင်အမျိုးသား အစည်းအရုံးကရော NMSP မွန်ပြည်သစ်ပါတီ တို့ကပါ သုံးသပ်ကြတာ ဖြစ်ပါတယ်။

အပစ်ခတ်ရပ် ငြိမ်းချမ်းရေးယူစဉ်က နိုင်ငံရေး ပြဿနာတွေကို ရွေးကောက်ပွဲ အရ တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးပါလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ယ္ခင် စစ်အစိုးရ လက်ထက်က ပြောခဲ့ပေမယ့် လတ်တလော ကချင်၊ရှမ်း၊ ကရင် ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အစိုးရတပ်တွေရဲ့ ထိုးစစ်ကို ကြည့်ရင် လက်ရှိ အစိုးရဟာ နိုင်ငံရေး အရ ဆွေးနွေးလိုစိတ် မရှိဘူး ဆိုတာကို ပြသနေကြောင်း KNU နဲ့ NMSP ပါတီတို့က သုံးသပ်ပါတယ်။

NLD လွှတ်တော်အမတ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ အမြင်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။