KNU ဂိတ်တစ်ခု ပိတ်ဖို့ အစိုးရညွှန်ကြား


2016.06.24
knu-620.jpg ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ (၆၇)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ KNU တပ်သားတွေကို တွေ့ရစဉ်
Photo: Karen Information Centre

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ထီးခီးနယ်စပ်ဂိတ်နားမှာရှိတဲ့ KNU ဂိတ်စခန်း တစ်ခုကို တိုင်းဒေသကြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးက ၃ ရက်အတွင်း ဖယ်ရှားခိုင်းထားတယ်လို့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်တပ်ဘက်က KNU ဂိတ်စခန်းဖယ်ရှားပေးဖို့ စာပို့ထားပြီးဖြစ်ကာ ဒီနေ့မနက်ပိုင်းက KNU တာဝန်ရှိ သူတွေ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေး တာဝန်ခံ ဗဒိုစောဝင်းခိုင် က ပြောပါတယ်။

"ရွှေ့ခိုင်းတာကတော့ ရွှေ့ခိုင်းတာပါပဲ၊ မနက်တုန်းကတော့ ဝန်ကြီးချုပ်တော့ တွေ့ပြီးပြီး အကုန်လုံးအေးအေးဆေးဆေးပဲ၊ ဘိုနေမြဲ ကျားနေမြဲအဆင့်နဲ့နေပြီးတော့ ဒီကိစ္စတွေက အပေါ်ကို အကုန်လုံးရောက်သွားပြီဆိုတော့ အပေါ်ကညွှန်ကြားချက်ကို ကျနော်တို့ပြန်စောင့်မယ်လေ၊ အဲ့ဒီဟာရောက်မှပဲ ကျနော်တို့က ဘယ်လိုညှိနှိုင်းပြီးတော့ ဆွေးနွေးတိုင်ပင်ပြီးတော့ ရှေ့ဆက် ဘယ်လိုသွားမယ်ဆိုတာ အဲ့လိုပုံစံမျိုးနဲ့ပဲ ကျနော်တို့ သွားရမယ်"

ထီးခီးနယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးမြို့တော် ထားဝယ်ကနေ ကားနဲ့  ၄ နာရီခန့် ကားနဲ့သွားရင် ရောက်ရှိနိုင်တဲ့လမ်း ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်းကနေ ထိုင်းနိုင်ငံ ဘန်ကောက်အထိ သွားနိုင်ဖို့ ဖောက်လုပ်ထားတဲ့ ကားလမ်းလည်းဖြစ် ပြီး ထားဝယ်ကနေ နေ့စဉ်သွားလာနေတဲ့ ခရီးသည်ယာဉ်တွေလည်း အများအပြားရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။