အစိုးရသတင်းစာတွေ လူထုကြိုက် ပြောင်းလဲမယ်လို့ဆို

အစိုးရချုပ်ကိုင်ထားတဲ့ မြန်မာ့အလင်း၊ ကြေးမုံ နဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ New Light of Myanmar စတဲ့ သတင်းစာတွေကို ပြည်သူလူထုကြိုက်ပြောင်းလဲဖန်တီးထုတ်ဝေတဲ့အခါ အဆင်ပြေချောမွေ့အောင် အများပြည်သူဝန်ဆောင်မှုသတင်းစာအုပ်ချုပ်ရေးအဖွဲ့ ဆိုတဲ့အဖွဲ့ တည်ထောင်လိုက်တဲ့အကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့ ဒီနေ့ထုတ်သတင်းစာ တွေမှာဖေါ်ပြထားပါတယ်။
2012-10-20
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
nlm-b305
အစိုးရသတင်းစာ ရောင်စုံနဲ့ တွေ့မြင်လာရစဉ်
Photo: RFA

ပြန်ကြားရေးဝန်ကြီးဌါန ဒုတိယဝန်ကြီး ဦးရဲထွတ်က အရင်ခေတ်ကသတင်းစာတွေဟာ နိုင်ငံတော်ပိုင် မီဒီယာတွေဖြစ်တဲ့အတွက် အစိုးရအမြင်နဲ့ ပါလီမန်သတင်းတွေလောက်ပဲ အဓိကထားဖေါ်ပြခဲ့တာတွေ ရှိတဲ့အကြောင်းနဲ့၊ အခုနောက်ပိုင်းမှာတော့ အစိုးရရဲ့မူဝါဒတွေကို ထောက်ပြဝေဖန်နိုင်ခွင့်ရလာ နိုင်တယ်လို့ ပြောဆိုတဲ့အကြောင်း AFP သတင်းမှာဖေါ်ပြထားပါတယ်။

သတင်းစာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးရဲနိုင်မိုးကတော့ အခုပြောင်းလဲထုတ်ဝေမယ့် သတင်းစာတွေမှာ ပြောရေးဆိုခွင့်မရတဲ့ပြည်သူတွေ၊ တိုင်းရင်းသားတွေရဲ့ အသံတွေကြားရအောင် ဦးစားပေးတာမျိုးတွေဖြစ်လာနိုင်မယ်လို့ပြောဆိုကြောင်း AFP သတင်းကဆိုပါတယ်။

ကွန်မင့်များ (0)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်