ဘားအံမှာပြုလုပ်မယ့် KNU မြေယာမူဝါဒ ရှင်းလင်းပွဲ ပြည်နယ်အစိုးရ ခွင့်မပြု

2016-07-18
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
KNUရဲ့ မြေယာမူဝါဒဆိုင်ရာ ရှင်းလင်းပွဲကို မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပနေစဉ်
KNUရဲ့ မြေယာမူဝါဒဆိုင်ရာ ရှင်းလင်းပွဲကို မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပနေစဉ်
Photo: Kyaw Lwin Oo/ RFA

အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNU ကရင် အမျိုးသားအစည်းအရုံးရဲ့ မြေယာမူဝါဒ ရှင်းလင်းပွဲကို ဘားအံမြို့မှာ ဒေသခံပြည်သူတွေကို ချပြဆွေးနွေးဖို့ KNU ရဲ့ တင်ပြချက်ကို ကရင်ပြည်နယ်အစိုးရက ခွင့်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

KNU ရဲ့ မြေယာမူဝါဒ ရှင်းလင်းပွဲကို ဇူလိုင်လ ၁၇ ရက် မနေ့က ဘားအံမြို့ သုမေဓါ ကြားတောရကျောင်းတိုက်မှာ ကျင်းပဖို့ KNU ကရင်စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီ၊ ကရင်ပြည်နယ် အဖွဲ့ခွဲ ခေါင်းဆောင်ကနေ ပြည်နယ် အစိုးရကို စာနဲ့ မေတ္တာရပ်ခံ တင်ပြခဲ့တာဖြစ်ပြီး ဒီတင်ပြချက်ကို ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဇော်လွင်ဦးက  ခွင့်မပြုနိုင်ကြောင်း ဇူလိုင် ၁၅ ရက်နေ့က လက်မှတ်ထိုးအကြောင်းပြန်ခဲ့တာဖြစ် ပါတယ်။ ဦးဇော်လွင်ဦးက RFA ကို ခုလိုပြောပြပါတယ်။

"မြေယာနဲ့ပတ်သက်လို့ သူတို့စိုးမိုးတဲ့နယ်မြေမှာ သူတို့ဘာသာသူတို့ စီမံခန့်ခွဲနေတာလေးတွေရှိတယ်၊ ဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့က ဘာမှမပြောဘူး၊ သို့သော်လည်း ကျနော်တို့ရဲ့ အုပ်ချုပ်ရေးအာဏာ သက်ရောက် တဲ့ဒေသတွေမှာတော့ နိုင်ငံတော်က ပိုင်ဆိုင်တဲ့မြေတွေအားလုံးကို ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေနဲ့အညီ စီမံခန့်ခွဲနေတဲ့အပေါ်မှာ သူတို့ကြီးစိုးတဲ့နယ်မြေအပေါ်မှာတော့ ဘာမှပြောစရာမရှိဘူးပေါ့၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ရုံးစိုက်တဲ့နေရာမှာလာပြီးတော့ KNU ရဲ့ မြေယာမူဝါဒတွေ ချပြရှင်းလင်းတာကျေတာ့ အဲ့ဒါသိပ် မသက်ဆိုင်ဘူးလို့ ယူဆတာပေါ့ဗျာ၊ အဲ့ဒါကြောင့်မို့ ဒီမှာခွင့်မပြုပါဘူးဆိုတာ အကြောင်းပြန်တာပါ၊ သူ့ဘာသာသူ ကျန်တဲ့နေရာမှာ လုပ်တာတွေ ဆွေးနွေးတာတွေထားလိုက် ကျနော်ဘာမှမပြောပါဘူး"

ကရင်ပြည်နယ် အစိုးရအနေနဲ့ မြေယာများကို မြေယာလုပ်ထုံးလုပ်နည်းနဲ့အညီ စီမံဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ခုလို KNU အဖွဲ့ရဲ့ တင်ပြချက်ကို ပြည်နယ်အစိုးရက ငြင်းပယ်ခဲ့ပေမဲ့ ကရင်ပြည်နယ်အစိုးရနဲ့ တပ်မတော်အနေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးအသားအစည်းအရုံး KNU အဖွဲ့နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးရှိနေတာကြောင့် ပြဿနာတစ်စုံတရာ တက်စရာမရှိဘူးလို့ ဦးဇော်လွင်ဦး က ပြောပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

မြေယာမူဝါဒဆိုသည်မှာ

ဘယ်ခွင့်ပြုမလဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ 
ကြည့်ရင် တရားမဝင်သလို ဘောင်လည်း
မဝင်ပါဖူး
ထို့ အပြင် KNU ၏မြေယာမူဝါဒသည်
အားနဲချက် များစွာရှိပီး စက်မူလယ်ယာ
စနစ်သို့ ပြောင်းလဲရာတွင် အခက်အခဲများ
စွာရှိပီး လယ်ယာအလုပ်သမားရှားပါးမူ
ပြဿနာကိုလည်းဖြေရှင်းပေးနိုင်ခြင်း
မရှိပါ။ သားစဉ်မြေးဆက် မြေရောင်းစား
လက်လွဲခြင်းဘဝမှတက်မည်မဟုတ်ပါ။
ဒါကြောင့် နိုင်ငံတော်မှချမှတ်ကျင့်သုံးနေ
သည့်မြေယာမူဝါဒကိုယခုထက်ပိုမိုကောင်း
မွန်အောင် မည်သို့ မည်ပုံပြုလုပ်ကျင့်သုံး မည်ဆိုသည်သာသွားသင့်ပါသည်။မြေယာမူဝါဒသည်တကွက်ထဲတနေရာထဲ
မကြည့်ပဲ တနိုင်ငံလုံးလွမ်းခြုံရပါမည်။

Jul 19, 2016 07:54 AM

ဆိုက်တခုလုံးသို့