ရန်ကုန်တိုင်းအတွင်း မြေယာ အငြင်းပွားမှု ၅ ထောင်ခန့်ရှိ


2016.09.26
phyominthein-ygn-pm-620.jpg ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို မေလ ၂၁ ရက်နေ့က ပြုလုပ်တဲ့ ရဲတပ်ဖွဲ့ရဲ့ဝန်ဆောင်မူကို ရှေးရှုသော ရဲလုပ်ငန်းစနစ်ဆိုင်ရာ လုပ်ငန်းရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Aung Thain Kha/RFA

လယ်ယာမြေသိမ်းဆည်းခံရမှု၊ မြေယာအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားစာ ၅ ထောင်ခန့် ရောက်ရှိနေပြီး အဲဒီတိုင်ကြားစာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်လည်စိစစ်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနေ့က ညွှန်ကြားလိုက်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိစစ်တွေ့ရှိချက်တွေကို ရေးသားပြီး အစိုးရအဖွဲ့ထံ ပြန်လည်တင်ပြဖို့ ညွှန်ကြားထားတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

"၅၀၀၀ လောက်ရှိတယ် case က။ အဲဒီ ၅၀၀၀ လောက်ကို ဝန်ကြီးချုပ်က ပြန်ပြီးတော့ တိုင်းဒေသကြီး ကိုယ်စားလှယ်ရဲ့ မှတ်ချက်တွေပြန်ပေးမယ်ဆိုပြီး အဲဒီမှတ်ချက်နဲ့အရပဲ သူဆက်လုပ်မယ်ဆိုပြီး အဲဒါလေး ညှိနှိုင်းအစည်းဝေးလုပ်တယ်။ အမြန်ဆုံးပြန်လုပ်ပေးပါ ဆိုပြီး သူကချပေးလိုက်တဲ့သဘောပါ" လို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောတာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသခံတွေရဲ့ တိုင်ကြားစာတွေကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေး ရွာနဲ့ မြို့နယ်အသီးသီးက မြေယာစိစစ်ရေးကော်မတီထံ ပေးပို့ထားပြီး ကော်မတီအဆင့်ဆင့်က စစ်ဆေးတွေ့ရှိ ချက်တွေကို အောက်တိုဘာလနောက်ဆုံးထား ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပြန်လည် တင်ပြရမှာ ဖြစ်ပါတယ်။

အဲဒီတင်ပြချက်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စိစစ်တွေ့ရှိချက်တွေကို ထည့်သွင်းရေးသားရမှာ ဖြစ်ပါတယ်။

အဲဒီနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒုတိယသမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ ပြန်လည်စိစစ်ဆေးရေး ဗဟိုကော်မတီထံ တင်ပြပြီး လယ်ယာမြေအမှုတွေကို ဖြေရှင်းဆောင်ရွက် သွားရမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။