GW မျိုးဆက်သစ် ၅ နှစ်ပြည့်ပြီ

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ စတင်ဖွဲ့စည်းခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့ရဲ့ ၅ နှစ်ပြည့် မွေးနေ့ အခမ်းအနားကို မရမ်းကုန်းမြို့နယ်မှာရှိတဲ့ သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-10-09
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
gw-5th-anniversary-b305
မျိုးဆက်သစ်လူငယ်များ (Generation Wave) အဖွဲ့ တည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ သမိုင်းမြို့မ ပရိယတ္တိစာသင်တိုက်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ကျင်းပနေကြစဉ်။
RFA

ယခုပြောင်းလဲလာတဲ့ နိုင်ငံရေး အခြေအနေကြောင့် ၂၀၁၁ ခုနှစ်က စတင်ပြီး  မြင်သာတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်လာတာ ဖြစ်တယ်လို့ မျိုးဆက်သစ်လူငယ်များအဖွဲ့ကို တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်က RFA ကိုပြောပါတယ်။

" ကျွန်တော်တို့နိုင်ငံဟာ ပြုပြင်ပြောင်းလဲတဲ့ လမ်းစတစ်ခုကိုသာ ရောက်နေသေးတာပါ။ ကျွန်တော်တို့ ရောက်ချင်တဲ့ ပန်းတိုင်တွေကို ရောက်ဖို့ဆိုတာ အဝေးကြီးလိုပါသေးတယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေကို ရောက်ဖို့အတွက် ဆိုရင် ကျွန်တော်တို့အားလုံး တူညီတဲ့ ဒါရိုက်ရှင် တစ်ခုကို ဝိုင်းပြီး တွန်းနိုင်တော့မှ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်က မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ရောက်နိုင်မှာ။"

မျိုးဆက်သစ် ကျောင်းသားများ အဖွဲ့ရဲ့ ၅ နှစ်ပြည့် အခမ်းအနားကို တက်ရောက်လာတဲ့ ဒိန်းမတ်နိုင်ငံ ခိုးဝါဟော့ခ် အထက်တန်းကျောင်းက ကျောင်းသားအဖွဲ့က အပြောင်းအလဲကို ငါတို့လုပ်နိုင်ခဲ့တယ် ဆိုတဲ့သီချင်းကို ဒိန်းမတ်ဘာသာနဲ့ သီဆိုဂုဏ်ပြုခဲ့ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကို မျိုးဆက်သစ်လူငယ်များ အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီ အသီးသီးက တာဝန်ရှိသူတွေ အပြင် ဒိန်းမတ်နိုင်ငံ ခိုးဝါဟော့ခ် အထက်တန်းကျောင်းက ကျောင်းသား/ကျောင်းသူတွေ အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ကွန်မင့်များ (1)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

pointfront

နေရပ်- Mandalay

အစဉ်အမြဲ အားပေးနေလျှက်ရှိသည်။ လူငယ်တို့ရဲ့ထက်မြက်ခြင်း၊နုပျိုခြင်း၊ဇွဲသတ္တိကောင်းခြင်း၊စုစည်းညီညွတ်ခြင်းများနှင့်အတူ ဗဟုသုတ၊အတွေ့အကြုံ၊ကျွမ်းကျင်မှုတို့ကိုစုစည်းပြီးအမြှော်အမြင်။သွေးအေးတည်ငြိမ်ခြင်းတို့ဖြင့်ကိုယ်စီနှင့်အစုအဖွဲ့လိုက်တည်ဆောက်ပြီး အနာဂတ်မြန်မာနိုင်ငံအတွက်အလင်းရောင်တွေ။မီးရှူးတန်ဆောင်တွေဖြစ်နိုင်ကြပါစေလို့ဆန္ဒပြုမိပါသည်။

Oct 09, 2012 10:15 PM