မြန်မာနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းမြင့်မားလာဖို့  ရည်ရွယ်ချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးကော်မတီကို ဦးဆောင်ကော်မတီဝင် ၅ ဦးနဲ့ ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ သတင်းရရှိပါတယ်။
ကော်မတီမှာ ဒေါက်တာတင်မျိုးဝင်းကို ဥက္ကဌ အဖြစ်တာဝန်ပေးပြီး ဗဟိုဦးစီးဆုံးဖြတ်ချက်နဲ့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ထိုးပြီး ထုတ်ပြန်ကြေညာလိုက်တာလို့  ဗဟိုဦးစီးအဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်က RFA ကို ပြောပါတယ်။
ဒေါက်တာတင်မျိုးဝင်း နဲပအတူ ဒေါက်တာသန်းအေး၊ ဒေါက်တာ ဒေါ်ရွှေပုံ၊ ဒေါက်တာ ကျော်စွာဦး နဲ့  ဒေါက်တာမြသော် တို့ ပါဝင်ကြပါတယ်။
ဒီနေ့ မှာတော့ ကျန်းမာရေး ကော်မတီလက်အောက်မှာ ကွန်ယက်ဖွဲ့စည်းလိုက်ပြီး နိုင်ငံအနှံ့ ဆရာဝန်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျန်းမာရေး ကွန်ရက်ရံပုံငွေပွဲကို ဧပြီလ ၆ ရက်နေ့ မှာ ပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လက်ခံမယ်လို့ ဆိုပါတယ်။
NLD ကျန်းမာရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ ကျော်စွာဦး ကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားတာ နားဆင်ပါတယ်။