ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒ NLD က လွှတ်တော်ကို တင်သွင်းမည်

NLD ကျန်းမာရေးကွန်ရက်အနေနဲ့ နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု မူဝါဒကိုရေးဆွဲပြီး ပြည့်သူ့လွှတ်တော်ကို တင်သွင်းဆွေးနွေးသွားမယ်လို့ NLD ကျန်းမာရေးကွန်ရက်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ၅၁လမ်းမှာရှိတဲ့ NLD ကျန်းမာရေးကွန်ရက်ရုံးခန်းမှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးကွန်ရက် ပြန်ကြားရေးတာဝန်ခံ ဒေါက်တာမြသော်က အခုလို ပြောလိုက်တာပါ။

"ကျန်းမာရေးမူဝါဒရေးဆွဲတာဟာ တကယ်ကို အရေးကြီးတဲ့ပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလံတော်အောက်မှာ ရေးဆွဲပေမယ့် မြန်မာပြည်ထဲမှာရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမားရေးကိုမြှင့်တင်ဖို့လုပ်ရမယ့် လုပ်ဆောင်ချက်ဖြစ်ပါတယ် ၊ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်းမှာတော့ မူကြမ်းတစ်ခုတင်နိုင်အောင်၊ ဆွေးနွေးနိုင်အောင် ကြိုးစားမှာပါ"

NLD ကျန်းမာရေးကွန်ရက်အဖွဲ့ဟာ ကော့မှူးမြို့နယ်မှာရှိတဲ့ အမေ့အိမ်ပညာဒါနကျောင်းမှာ တက်ရောက်ပညာသင်ကြားနေတဲ့ အသက် ၅ နှစ်ကနေ ၁ဝ နှစ်အထိ ကလေးတွေကို အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆွေး အခမဲ့ထိုးပေးဖို့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အသေးစား ခွဲစိတ်ကုသမှုတွေ ပြုလုပ်ဖို့အတွက် ရွေ့လျားခွဲစိတ်ကုသယာဉ်ကိုအသုံးပြုပြီး လိုက်လံခွဲစိတ်ကုသပေးဖို့ရှိသလို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေကိုလည်း အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ဖို့ရှိတယ်လို့လည်းသိရပါတယ်။