ကျန်းမာရေး စောင့်ရှောက်မှု ဆိုတာ လူ့တန်ဖိုးလေးစားမှုအပေါ် မူတည်


2013.12.11

ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ လူ့တန်ဖိုးကို လေးစားမှုအပေါ် မူတည်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံမှာ မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မိန့်ခွန်းတစ်ရပ် အင်္ဂါနေ့က ဟောပြောခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က အလေးပေးပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာဗြိတိသျှ ကိုလိုနီဘဝက အမွေရခဲ့တဲ့  ကျန်းမာရေး စောင့်ရှောက်မှုကို ဒေသတွင်းမှာ အမြင့်ဆုံးအဆင့်ဖြစ်အောင် ဆက်လက်ဆောင်ရွက်နိုင်ခဲ့ပေမယ့်၊ ၁၉၆ဝ ပြည့်နှစ်တွေကစလို့ စစ်အစိုးရအဆက်ဆက်လက်ထက်မှာ တစတစ ယိုယွင်းဆုတ်ယုတ်လာခဲ့ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန် မြင့်မားလာဖို့အတွက် တိုင်းပြည်ချမ်းသာရုံနဲ့ မပြီးဘဲ၊ လူ့တန်ဖိုးကို လေးစားတဲ့စိတ်၊ ကရုဏာနဲ့ အသိဉာဏ် ပေါင်းစပ်ပြီး စေတနာထားတဲ့ ဆောင်ရွက်ချက်တွေ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့မိန့်ခွန်းကို ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။