Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမား ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) မှာရှိတဲ့ Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားတွေက အခြေခံလုပ်ခလစာ တိုးပေးဖို့နဲ့ အခြားအလုပ်သမား ရပိုင်ခွင့်တွေ ရရှိဖို့အတွက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

2012.05.09
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် အမှတ် (၄) ရှိ Hi-Mo High-Art ဆံပင်တုစက်ရုံ အလုပ်သမားများ ၂၀၁၂ ခုနှစ် မေလ ၉ ရက်က ဆန္ဒပြနေကြစဉ်။
RFA

ဒီကိစ္စနဲ့ ပတ်သက်လို့ ဆန္ဒပြ အလုပ်သမားတွေရဲ့ ကိုယ်စားလှယ် မအေးမြတ်မွန်က RFA ကို အခုလို ပြောပါတယ်။

" အခု ညီမတို့တောင်းထားတာက အခြေခံလစာ တိုးဖို့အတွက်နဲ့ ခွင့်မပေးတာတွေပေါ့နော်။ အဲဒီအတွက်နဲ့ လာခဲ့တာပါရှင့်။ အခြေခံလစာက ညီမဆိုလို့ရှိရင်၊ လေးနှစ်ကျော်ပြီပေါ့နော်။ ၁၂၀၀၀ ပဲရတယ်ရှင့်။ ညီမတို့က ဖြစ်နိုင်လို့ရှိရင် ၃၀၀၀၀ လိုချင်တယ်။ တခြားစက်ရုံတွေနဲ့ ယှဉ်မယ်ဆိုရင် ညီမတို့လစာက အရမ်းနည်းတယ်။ ညီမတို့မိသားစုအတွက် ဘယ်လိုမှ မဖူလုံနိုင်ဘူး။ အဲတာကြောင့်မို့လို့ အခုလိုမျိုးလုပ်ရတာပါ"

Hi - Mo High-Art စက်ရုံမှာ အလုပ်သမား ၁၈၀၀ ကျော်လောက် ရှိနေပြီး ပိုင်ရှင်က ကိုရီးယားလူမျိုးတဦး ဖြစ်သလို ပိုင်ရှင်အမည်ခံထားသူက မြန်မာနိုင်ငံသားတဦး ဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုံမှာ နှစ်ရှည်အလုပ်သမားတွေကိုသာ အခြေခံလုပ်ခလစာ တစ်သောင်းကျော်ပေးပြီး၊ ကျန်အလုပ်သမားတွေက ရှစ်ထောင်နဲ့ ကိုးထောင်လောက်ပဲ ရကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေ နေထိုင်ရတဲ့အဆောင်၊ စားသောက်ရတဲ့ အစားအစာတွေကလည်း ညံ့ဖျင်းလွန်းတဲ့အပြင် နေရပ်ပြန်ဖို့ ခွင့်ရက်ရှည်မပေးတဲ့ ကိစ္စတွေလည်း တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ လှိုင်သာယာအလုပ်သမားရုံးက လက်မခံတဲ့အတွက် မရမ်းကုန်းမြို့နယ် ၈ မိုင် လမ်းဆုံနားမှာရှိတဲ့ အလုပ်သမား ပြဿနာဖြေရှင်းရေးရုံးမှာ သွားရောက် တိုင်ကြားကြတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-09 19:17

(South Korea)စောက်ကိုရီးယား တွေကအရင် ကတည်းက ဒီလိုလုပ်နေတာ ဒီတစ်ခါဖြစ်အောင်လုပ်ကြပါလို့.....