လွန်ခဲ့တဲ့ သုံးနှစ်ကမှ စတင်ဖောက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ်ဟာ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု အများဆုံးနဲ့ မော်တော်ယာဉ် တိမ်းမှောက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှု အဆိုးဆုံး ဖြစ်တယ်လို့ ခရီးသွား ပြည်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ယာဉ်များ မောင်းနှင်သွားလာနေစဉ် နေပြည်တော်သွား အဝေးပြေးလမ်းမကြီးကို အလုပ်သမားများ ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
လမ်းသစ်ဖွင့်လှစ်ပြီး ဒီအဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုတွေကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက် ဘယ်လောက် ရှိသွားပြီဆိုတာကို စစ်အစိုးရက မထုတ်ပြန်ပေမဲ့ ယာဉ်တိုက်မှုတွေက နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ရန်ကုန်-နေပြည်တော်လမ်းဟာ နောက်ဆုံးမှ ဖွင့်လှစ်ခဲ့တဲ့ လမ်းသစ်ဖြစ်ပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က ဖွင့်လှစ်ခဲ့တဲ့ တခြား အဝေးပြေးလမ်းဟောင်းတွေထက် မတော်တဆမှုတွေ အဆိုးဝါးဆုံး ရောက်သွားတဲ့အဓိက အကြောင်းရင်းဟာ လမ်းဆောက်လုပ်ရေး ဒီဇိုင်းမှားယွင်းမှုနဲ့ နိုင်လွန်ကတ္တရာမခင်းပဲ ကွန်ကရစ်လမ်းအဖြစ် အသုံးပြုနေမှု၊ လမ်းအချိုးအကွေ့တွေမှာ အတိမ်းအစောင်းမရှိ ပြင်ညီဖြစ်နေမှု စတဲ့ အဝေးပြေးလမ်းမတွေမှာ ရှိရမဲ့ စံနှုန်းသတ်မှတ်ချက်နဲ့ မကိုက်ညီတာကြောင့်လို့ ကျွမ်းကျင်သူတွေ ထောက်ပြကြပါတယ်။
ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းမနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က လေ့လာ တင်ပြထားပါတယ်။
| ယာဉ်အန္တရာယ်များသော နေပြည်တော် လမ်းသစ် |
|
| အသံဖိုင်ယူရန် |
စည်ပင်သာယာရဲ့ ပြောင်းရွှေ့မိန့် မနာခံသူ ၆ ဦး ထောင်ဒဏ်ကျခံရ
ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင်း ဆွေးနွေးပုံလေ့လာ
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ နေပြည်တော်မှာ ကျင်းပမည်
နေပြည်တော် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံး
ဒေါ်စုရဲ့ နေပြည်တော်ခရီးစဉ် သူတို့ ဒီလိုမြင်ကြတယ်
စီးပွားရေး ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ရွှေတွင်းမြေပြိုလို့ သေဆုံးသူ များပြား
နေပြည်တော် စီးပွားရေး ဆွေးနွေးပွဲ ကို ပညာရှင်တွေ အားထားနေကြ
မှတ်ချက်များ
Click here to add your own comment