ဟီလာရီ ကလင်တန် ခရီးစဉ်ကြောင့် ကမ္ဘာ့ဒီမိုကရေစီ အင်အားကြီးနိုင်ငံ ဖြစ်တဲ့ အမေရိကန် နိုင်ငံနဲ့ မြန်မာနိုင်ငံ အကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန် တိုးတက်လာတဲ့ ခြေလှမ်းအဖြစ် လွှတ်တော်အမတ်တွေက ကြိုဆိုကြပါတယ်။ တဖက်မှာလည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူထားတာကို ရုပ်သိမ်းပေးအုံးမှာ မဟုတ်ဘူးလို့ ဟီလာရီ ကလင်တန် ကလည်း ပြောဆိုထားပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ကြောင့် အမေရိကန် မြန်မာ ဆက်ဆံရေး အခြေအနေကောင်းတွေ အများကြီး ဖြစ်လာဖို့ မြန်မာ လွှတ်တော်အမတ်တွေက မျှော်လင့်နေကြပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။
0:00 / 0:00
