တကိုယ်တော် ဆန္ဒပြသူကို ပုဒ်မ ၁၈ နဲ့ တရားစွဲ

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေက အကြမ်းဖက် ဖြိုခွဲခံခဲ့ရတဲ့ ရဟန်းသံဃာတွေနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေ က ဖြေရှင်းပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆို ခဲ့တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုထင်ကျော် ကို ဒီကနေ့မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

2012.12.17
alone_305 လက်ပန်းတောင်းအရေးနဲ့ ပတ်သက်ပြီး ၂၀၀၇ ကုန်ဈေးနှုန်းကျဆင်းရေးလှုပ်ရှားမှုအဖွဲ့မှ ကိုထင်ကျော် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြနေစဉ်
Photo: RFA/Kyaw Zawe Win

ကိုထင်ကျော်ဟာ  ဒီဇင်ဘာလ ၁၅ ရက်နေ့က သိမ်ကြီးဈေးရှေ့ကနေ ဆူးလေဘုရားလမ်းအတိုင်း လမ်းလျှောက်ကာ မြို့တော်ခန်းမရှေ့အထိ တစ်ကိုယ်တော် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ်ရဲစခန်းနဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတာကို အာမခံမယူဘူးလို့ ကိုထင်ကျော်က RFA ကို ပြောပါတယ်။ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီး ဖမ်းဆီးခဲ့မယ်ဆိုရင်တောင် ဒီအမှုကို မရှောင်ဘဲ တရားဥပဒေအတိုင်း ရင်ဆိုင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုထင်ကျော်ဟာ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်ပြီး ၂ဝဝ၇ ရွှေဝါရောင်အရေးအခင်းမှာ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တာတွေကြောင့် ခန္တီးထောင်မှာ ထောင်ဒဏ် ၅ နှစ်ခွဲ အကျဉ်းကျခံခဲ့ရပြီး ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလပိုင်းက ပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။