HRDP အဖွဲ့ မန္တလေးမှာ လူ့အခွင့်အရေး ဆွေးနွေးပွဲ ပြုလုပ်

2011-09-20

HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်က ဦးဆောင်ပြီး မန္တလေးမြို့မှာ လူ့အခွင့်အရေး ပညာပေး ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့တယ်လို့ သိရပါတယ်။

hrdp

HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့၏ လက်ကမ်း ကြေညာ စာတမ်း ဖြစ်ပါသည်။

ပြည်ကြီးတံခွန်မြို့မှာ ကျင်းပနေတာ ဖြစ်ပြီး (၃) ရက်ကြာ ဆက်လက် ပြုလုပ် သွားမယ်လို့ HRDP အဖွဲ့က ဦးစောဘန်ကူးက ကို ပြောပါတယ်။

“မန္တလေးမှာတော့ ဒီကနေ့ မနက် ၁၀ နာရီခွဲကနေစပြီးတော့ ၄ နာရီထိပေါ့ အလုပ်ရုံဆွေးနွေးပွဲလုပ်ပါတယ်”

HRDP အဖွဲ့ဟာ လူ့အခွင့်အရေး အသိပညာရေး ဆွေးနွေးပွဲတွေကို မကြာခင်က မိတ္တလာမြို့မှာ (၃) ရက်ကြာ ကျင်းပခဲ့ပြီး၊ မကြာမီ ရှမ်းပြည်နယ်အထိ သွားရောက်ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အဖွဲ့ခေါင်းဆောင် ဦးမောင်မောင်လေးက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ပုလိပ်၊ မြစ်သား၊ အမရပူရစတဲ့ မန္တလေးတိုင်း ၁၀ မြို့နယ်က လူ့အခွင့်အရေး လှုပ်ရှားသူနဲ့ စိတ်ဝင်စားသူ ၃၀ လောက် တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။

လောလောဆယ် အထိတော့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ HRDP အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ ဘက်က တားဆီး နှောင့်ယှက်တာ မရှိသေးဘူးလို့ ဦမောင်မောင်လေးက ပြောပါတယ်။

အရင် စစ်အစိုးရ လက်ထက်မှာတော့ HRDP အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို နှောင့်ယှက်တာ၊ အဖွဲ့ဝင်တွေကို ရိုက်နက် ဖမ်းဆီး ထောင်ချတာတွေ ဆိုးဆိုးဝါးဝါးရှိပြီး၊ အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးမြင့်အေးကိုလည်း ထောင်သွင်း အကျည်းချထား ခဲ့ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

မဲထည့်ခွင့်ရှိသူ ၄၀၀၀ ခန့် စာရင်းပျောက်နေ

တပ်မတော်သားတွေနဲ့ လက်တွဲအလုပ်လုပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးလူထု သိန်းနဲ့ချီပြီး ကြိုဆို

နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမြို့များသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်မည်

ဘာသာပေါင်းစုံ ဆုတောင်းပွဲ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခွဲ နှစ်ရုံး မန္တလေးမြို့မှာ ဖွင့်လှစ်မည်

လူငယ်ရှေ့နေ ၁၉ ဦး NLD ပါတီဝင်ဖို့ လျှောက်လွှာတင်

မဏိပူပြည်နယ် အင်ဖားမြို့နဲ့ မန္တလေးအကြား ဘတ်စကားပြေးမယ်

ဘိုကလေးနဲ့ ပုသိမ် မှာ လူ့အခွင့်အရေးနေ့ ကျင်းပ

လူမှုကွန်ယက် (မန္တလေး) နိုင်ငံရေး အကျဉ်းသားတွေကို ငွေ ၂ သိန်း ထောက်ပံ့