လူ့အခွင့်အရေး ချိုးဖောက်မှု လယ်သမားများ အများဆုံးခံရ - HRDP

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံး ဟာ လယ်ယာမြေသိမ်းဆည်းခံရတဲ့ တောင်သူလယ် သမားတွေဖြစ်တယ်လို့ လူ့အခွင့်အရေးကာကွယ်မြှင့် တင်သူများအဖွဲ့ HRDP က ဒီနေ့ကျရောက်တဲ့ ၆၆ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်း အနားမှာ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်က M3 စားသောက်ဆိုင်မှာ ကျင်းပတဲ့ ၆၆ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့် အရေးနေ့ အခမ်းအနားမှာ လယ်ယာမြေသိမ်းဆည်းခံရ ပြီး ထောင်ကျနေတဲ့လယ်သမား တစ်ထောင်ကျော်လောက်ရှိနေပြီလို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက အခုလိုပြောပါတယ်။

"လယ်သိမ်းတာ ဘာလို့လူ့အခွင့်အရေးချိုးဖောက်မှု လို့ ပြောလဲဆိုတော့ ပုဂ္ဂလိကပစ္စည်းပိုင်ဆိုင်မှုတွေ ကို ဒါတွေဟာ အဓမ္မနည်းနဲ့ သိမ်းယူတာရှိတယ်၊ အဓမ္မ နည်းမဟုတ်ပဲနဲ့ စောစောကပြောသလို တပ်ပိုင်တို့၊ ဘာတို့ညာတို့ဆိုတာရှိတာကိုး၊ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးရဲ့ အပိုဒ် ၁၇ အရ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှု ရှိတယ်ဆိုတဲ့ အချက်ကိုချိုးဖောက်လို့ လယ်တွေဟာ လယ်သမားတွေပိုင်ခွင့်ရှိတယ်၊ အဲ့ဒါ ကိုယ်ပိုင်ပစ္စည်းဆိုတာ ရှိသင့်တယ်ဆိုတဲ့အချက်နဲ့ ကျူးလွန်တာတွေ အများကြီးပါ၊ ဒါတွေကိုလဲ အစိုးရကနေ ဖမ်းဆီးထောင်ချတယ်၊ လယ်သမားတွေ အခုထောင်ထဲမှာ အများကြီးရောက်နေပါပြီ၊ ကျနော်တို့ မှတ်တမ်းတွေအရ တစ်ထောင်ကျော်ကျော်လောက်ရှိမယ်၊ အဲ့တော့ဒီအမှုဟာ အများဆုံး"

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က "အစိုးရသစ်နဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ" ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအရင်ခံစာကို ဒီနေ့အခမ်းအနားမှာ တင်သွင်းခဲ့ပါတယ်။ဒါ့အပြင် လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်နဲ့ အစိုးရသစ်၊ အမျိုးသမီးအခွင့်အရေး အခြေအနေနဲ့ အစိုးရသစ်၊ လူနည်းစု တိုင်းရင်းသား အခွင့်အရေးအခြေအနေ၊ ဥပဒေပြုရေး တရားစီရင်ရေးနဲ့ အစိုးရသစ် စတဲ့ ခေါင်းစဉ်တွေနဲ့ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို ရန်ကုန်၊ မုံရွာ၊ မြစ်ကြီးနားနဲ့ စစ်တွေမြို့တွေမှာလည်း ကျင်းပ ခဲ့ကြပါတယ်။