အကျဉ်းထောင်လက်စွဲ ဥပဒေပါ အကျဉ်းသားခံစားခွင့်တွေ ရရှိဖို့အတွက် အစာငတ်ခံ ဆန္ဒပြတောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အစားအသောက် ပါဆယ်ထုတ်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ပြန်လည် ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)
အစာငတ်ခံ ဆန္ဒပြရာမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့အထိ ထောင်ဝင်စာ တွေ့ခွင့်ရော အစားအသောက် ပို့ဆောင်ခွင့်ပါ ပိတ်ပင်ထားရာက မနေ့က အစားအသောက် ပါဆယ်ထုတ်တွေကို စတင် ခွင့်ပြုလိုက်ကြောင်း ‘နိုင်ငံရေးအကျဉ်းသား မိသားစုကွန်ရက်’ က ကိုအောင်ဇော်ထွန်း က ပြောပါတယ်။
“အစာငတ်ခံ ဆန္ဒပြမှုမှာ ပါတဲ့ ကို ဉာဏ်ထွန်းလင်း မိသားစုရယ်၊ ကိုစိုးမိုးထွန်း၊ ကိုညီညီထွန်း၊ ကိုသော်ဇင်တို့ မိသားစု ၄ ဦး မနေ့က သွားတွေ့တယ်။ သွားတွေ့တော့ လူတွေ့ ထောင်ဝင်စာတွေ့ခွင့်တော့ မရှိဘူး၊ အစားအသောက် ပါဆယ်ချည်းပဲ သပ်သပ် ပေးသွင်းချင်ရင် ပေးသွင်းလို့ ရပါတယ် ဆိုတဲ့အတွက် မိသားစုတွေက ပေးခဲ့တယ်။ လူချင်း မတွေ့ခဲ့ရတဲ့အတွက် အထဲက အခြေအနေကိုတော့ ခုချိန်အထိ သေသေချာချာ မသိရသေးဘူး”
အကျဉ်းသား ခံစားခွင့်တွေအတွက် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးဟာ အောက်တိုဘာလ ၂၆ ရက်နေ့ ကစပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ကို ဆန္ဒပြချိန် ၄၈ နာရီ မပြည့်ခင်မှာ အာဏာပိုင်တွေဘက်က ရေဖြတ်လိုက်ပြီး ထောင်ဝင်စာလည်း ပိတ်ပင်ခဲ့ပါတယ်။
သူတို့ထဲက ၂ ဦးဟာ ကျန်းမာရေး အခြေအနေကြောင့် ထောင်တွင်း ဆေးရုံကို တင်ထားရကြောင်း သိရပေမယ့် နောက်ဆက်တွဲ အခြေအနေ တွေကိုတော့ မသိရသေးပါဘူး။
|
|
အီးမေးလ်ပို့ရန် |
|
|
ဤအကြောင်းကို ရယူရန် |
|
|
သတင်းလွှာမှာယူရန် |
|
|
ပုံနှိပ်ရန်... |
|
|
ဤအေုကာင်းကို မ္တွဝေရန် |
ရန်ကုန်သင်္ကြန် ဗုံးခွဲမှု တရားစွဲခံရသူ ကျန်းမာရေးချို့တဲ့
အင်းစိန် အထည်အလိပ်စက်ရုံ လုပ်သားများ လျော်ကြေးငွေ မရသေး
နိုင်ငံရေး အကျဉ်းသားဟောင်းနှင့် စိတ်ဖိစီးမှုဝေဒနာ
မတရားရယူတဲ့ ဖြောင့်ချက်များနဲ့ အပြစ်ပေးခံရသူတွေ လွှတ်ပေးရေး တောင်းဆို
အစိုးရတပ်က ဖမ်းထားတဲ့သူတွေအရေး တရားရုံးချုပ်ကို တင်သွင်း
နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
ကိုငြိမ်းလူ ဈာပန ကျောင်းသားခေါင်းဆောင်တွေ တက်ရောက်
နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပဲခူး NLD ဂုဏ်ပြု
နိုင်ငံရေးသမားတွေ ထပ်လွတ်ဖို့ ကြိုးစားမယ်လို့ အစိုးရကော်မရှင် ပြော
မှတ်ချက်များ
Click here to add your own comment