ရခိုင်မှာ ပဋိပက္ခများ ထပ်မဖြစ်ပွားစေဖို့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ICG တောင်းဆို

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခများ ထပ်ပြီး မပြန့်ပွားဖို့နဲ့ ရပ်တန့်သွားစေဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများဖြေရှင်းရေးအဖွဲ့ ICG က ဒီကနေ့ ထုတ်ဖေါ်ကြေညာလိုက်ပါတယ်။
2012-11-10
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
rakhine-riot-victims-b305
၂၀၁၂ ခုနှစ် ဇွန်လက ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် ပဋိပက္ခများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသူများအား တွေ့ရစဉ်။
RFA

ဘယ်လ်ဂျီရမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ICG အဖွဲ့ကြီးက ရခိုင်ပြည်နယ်က  ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမူတွေဟာ နောက်ပြန်ဆွဲခံနေရသလို ဖြစ်နေကြောင်း၊ နိုင်ငံ့ခေါင်းဆောင် ဖြစ်သူတွေအနေနဲ့ လူထု သဘောထားဆန္ဒများနဲ့ ပတ်သက်ပြီး ဦးဆောင်မှုပေးဖို့ စိန်ခေါ်မူတွေ ကြုံတွေ့နေရပြီး အကိုင်အတွယ်မှားရင် တိုင်းပြည်နစ်နာစရာတွေ ဖြစ်လာနိုင်ကြောင်း သတိပေးဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်အရေးကို ခေါင်းရှောင်နေမယ်ဆိုရင် ပြည်သူတွေ မှတ်ကျောက်တင်ထားတဲ့ ဒီမိုကရေစီခေါင်းဆောင်ဆိုတဲ့ သတ်မှတ်ချက်အပြင် NLD ပါတီ ကိုပါ ထိခိုက်နိုင်တယ်လို့လဲ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းက ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တချို့ကအစိုးရကို  မြန်မာနိုင်ငံသား ဥပဒေအပါအဝင် ရခိုင်ပြည်နယ် အရေးကိစ္စကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာ လူထုကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (7)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

Man who's among human

နေရပ်- US

To ICG you should observe the people who migrate illegally from Bengaladesh for a long time. If you have the same problem as Myanmar , how do you solve ? please explain clearly to the whole world.

Nov 13, 2012 08:51 PM

koko

နေရပ်- Yangon

ရခိုင်ဘက်ကပြသနာက သေးသေးလေးပါ ဘင်္ဂါလီမူဆလင်တွေက ရိုဟင်ဂျာဆိုပြီးလိမ်တာကနေ ပြသနာစတာပေ။ဘင်္ဂါလီမူဆလင်တွေကလည်း လိမ်ရင်ကောင်းကောင်းလိမ်တာမဟုတ်သေးဘူး တိုင်းရင်းသားပါထပ်ဖြစ်လိုက်သေးတယ် နယ်မြေတွေက ပိုင်ဆိုင်ချင်လိုက်သေးတယ်။ ဒီတော့ ပြသနာက စပြီးပေါ့

Nov 12, 2012 04:12 AM

ပြေဟိန်း

နေရပ်- Denmark

First of all, ICG should not use DEMOCRACY to give pressure on Daw Su. She will do the best for people of Myanmar as a democratic leader. Rohinja's problem started long time ago and it should be handle by government who has a authority to do so. The other points that ICG expressed,are not a new issue because the whole world knows about it,how Myanmar government is handling the satuation at the Rakhine state. ICG should focus more about Rohinja who do not get permit to live or who do not want to live in Myanmar.

Nov 11, 2012 03:45 PM

Kyaw

နေရပ်- Maungdaw

ရခိုင်ထက် အခုအချိန်မှာ ငလျင်သတင်းကပိုအရေးကြီးတယ်.....ဒေါ်လာမရလို့မတင်တာလား

Nov 11, 2012 08:46 AM

ကျန်စစ်သား

နေရပ်- indiana

အဏာဟာ ပြည်သူတွေရဲ့လက်ထဲမှာပါ။အာဏာရှင်အစိုးရလက်ထဲမှာ မဟုတ်ပါဘူး။အတွေးတစ်ချက်မှားရင် အဝေးတစ်ဖက်ကိုရောက်သွားနိုင်ပါတယ်။အထူးသတိပြုပါ။

Nov 10, 2012 09:37 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.