ICG အဖွဲ့က သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ချီးမြှင့်

International Crisis Group (ICG) ခေါ် နိုင်ငံတ ကာ ပဋိပက္ခလေ့လာရေးအဖွဲ့က သမ္မတ ဦးသိန်းစိန် ကို ၂၀၁၃ ခုနှစ် အတွက် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ပါတယ်။
2012-11-26
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
ပုံနှိပ်ပါ
u-thein-sein-asean-us-b305
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်)တွင်ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေး ဖိုရမ်တွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ်။
AFP

ICG ရဲ့ In Pursuit of Peace award dinner ခေါ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ နဲ့ ညစာစားပွဲဟာ လူသိန်းပေါင်း များစွာရဲ့ဘဝတွေကို အသွင်ပြောင်းစေတဲ့  အမြင်ကျယ်တဲ့ ခေါင်းဆောင်မှု နဲ့ ပဋ္ဋိပက္ခတွေ ပြီးဆုံးရေး ဆောင်ရွက်ပေးတဲ့ အစိုးရ၊ သံရေးတမန်ရေး နဲ့ ပြည်သူ့ရေးရာမူဝါဒ ဆိုင်ရာ အဓိက ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့ ဆုဖြစ်ကြောင်း ICG ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီဆု ကို မြန်မာနိုင်ငံက ဦးသိန်းစိန် နဲ့ ဘရာဇီးနိုင်ငံက သမ္မတဟောင်း မစ္စတာ Lula Silva တို့ကို ပူးတွဲချီးမြှင့်ခဲ့ တာ ဖြစ်ပါတယ်။

ICG အဖွဲ့ နာယက Thomas R. Pickering က -

“အခုလို ကမ္ဘာကြီးရဲ့ နေရာအတော်များများ မှားယွင်းတဲ့ လမ်းကြောင်းကို ဦးတည်နေပုံရတဲ့ အချိန်မျိုး မှာ မြန်မာနိုင်ငံ နဲ့ ဘရာဇီးနိုင်ငံ သမ္မတတွေဟာ သူတို့ ပြည်သူ တွေ ပိုမို ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်ရောက်ရှိဖို့ ဆောင်ရွက်ခဲ့ကြပါတယ်၊ သမ္မတ ဦးသိန်းစိန်ရော သမ္မတ Lula ရော ဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဒီလို ဂုဏ်ပြုရတဲ့အတွက် မြန်မာနဲ့ ဘရာဇီးတို့အတွက် ရှေ့ဆက်မယ့် အရေးကြီးတဲ့ ခြေလှမ်းတွေ ဆက်လက်လျှောက်လှမ်းဖို့  အထောက်အကူ ဖြစ်ပါမယ်။ အပယ်ခံနှစ်ကာလ တွေ ကနေ ဒေသတွင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေး မြှင့်တင်ရာမှာ အားပေးသလို ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရသစ်ဟာ  ဒီနေ့အထိ ဆောင်ရွက်လာတဲ့ နိုင်ငံရေးဖြေလျှော့မှုတွေအပြင် လတ်တလော ရခိုင်ပြည်နယ်ပြဿနာ၊ ကချင်ပြည်နယ် ကိစ္စ စတဲ့ ဆက်လက်ဖြေရှင်းစရာတွေရှျိေနသေးတယ်လို့ ICG ကြေညာချက်မှာဖေါ်ပြထားပါတယ်။

ဆုချီးမြှင့်ပွဲကို ၂၀၁၃ခုနှစ် ဧပြီလ (၁၁)ရက်နေ့ အမေရကိန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

(၈) နှစ် ကြာလာခဲ့ပြီ ဖြစ်တဲ့ ICG ရဲ့ ငြိမ်းချမ်းရေးဆု ချီးမြှင့် ခံခဲ့ရသူတွေထဲမှာ အမေရိကန် သမ္မတတွေ
ဖြစ်ကြတဲ့ Cliton နှင့် George W. Bush ၊ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari ၊ Ellen Johnson Sirleaf နဲ့ အလှူရှင် သူဌေးကြီး George Soros တို့ ပါဝင်ကြပါတယ်။

ကွန်မင့်များ (5)
  • ပုံနှိပ်ပါ
  • ရှယ်ပါ
  • အီးမေးလ်

richard

နေရပ်- San Francisco

ICG is turning blind eyes to what is really happening in Burma today.
80% of burma economy are still under the control of The Union of Myanmar Economic Holdings Limited and their cronies.
Thein Sein’s gov are not doing what they are promised .

Apr 24, 2013 08:05 PM

Maung Moccy

နေရပ်- Rangoon, Burma

ှုICG ကိုတော့ တော်တော် ရွံသွားပြီ ။ Brazil - Former President Lula Silva လို အင်မတန် တိုင်းပြည်ပေါ် စေတနာ မေတ္တာထားတဲ့ ပဂ္ဂိုလ်မျိုးနဲ့တောင် တွဲပြီး ဆုးပေး လိုက်ရတယ်လို့ ။

Nov 28, 2012 11:44 PM

အမည်မဖော်လိုသူ

congratulation!!!!

Nov 28, 2012 08:32 AM

yusuf iqbal

နေရပ်- Portland USA

You must deliver your promises sincerely to the people of Burma. You must use your authority of good office to stop inciting hatred, violence. Please do not hesitate or afraid to prosecute criminal who mastermind ethnic cleaning in Arakan. You must be brave enough to acknowledge denial of fundamental right of Rohingya by your government and restore that right. You must have wisdom to educate the people of Burma about human right which include the right Rohingya.

Nov 27, 2012 02:11 PM

88 students

Congratulations, U Thein Sein. You are good president of union of Burma. Please amend some unjustice paragraphs at Burmese constitutation law 2008. Thank you.

Nov 27, 2012 06:52 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.