ပိတ်ဆို့မှု အမြန်ရုပ်သိမ်းဖို့ ICG တိုက်တွန်း

ICG ခေါ် အပြည်ပြည်ဆိုင်ရာ အကြပ်အတည်းများ လေ့လာရေး သုခမိန်အဖွဲ့က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို မဆိုင်းမငံ့ ချက်ခြင်း ရုပ်သိမ်းပေးဖို့ အကြံပြုလိုက်ပါတယ်၊

မြန်မာနိုင်ငံဟာ နောက်ကြောင်းပြန်လှည့်ဖို့အလားအလာ နည်းပါးတဲ့အတွက် ပြုပြင်ပြောင်းလဲမှုကို ထောက်ကူတဲ့အနေနဲ့ အနောက်အုပ်စုဟာ ဒီအရေးယူမှုတွေ အမြန်ဆုံး ရုပ်သိမ်းသင့်တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ICG အဖွဲ့က ရေးသားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြောင်းလဲရေးပြုလုပ်ဖို့ တောင်းဆိုသူ အနောက်နိုင်ငံများအနေနဲ့လတ်တလော လုပ်သင့်တဲ့ အလုပ်ကတော့ ဒီပြောင်းလဲမှုတွေကို ထောက်ခံအားပေးဖို့ဖြစ်ပြီး၊ အရေးအကြီးဆုံး ထောက်ခံမှုအဖြစ် ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးရေးပဲ ဖြစ်တယ်လို့ ICG က ဆိုပါတယ်။