အကျဉ်းထောင်သုံးခု ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ လေ့လာခွင့်ရရှိ

2011-07-07

မြန်မာနိုင်ငံက အကျဉ်းထောင် သုံးခုကို အိုင်စီအာစီ ကမ္ဘာ့ ကြက်ခြေနီ အသင်းကြီးက ၀င်ရောက် စစ်ဆေးခွင့် ရခဲ့တယ်လို့ အရှေ့၊ အရှေ့တောင် အာရှနဲ့ ပစိဖိတ် ဆိုင်ရာ ICRC ဆက်သွယ်ရေး အရာရှိ Philippe Marc Stoll က မနေ့က ပြောကြား ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၁) ရက်နဲ့ (၂) ရက်နေ့တွေက မော်လမြိုင်၊ ဖားအံနဲ့ မြောင်းမြထောင်တွေမှာ ရေသန့် ရရှိရေးနဲ့ မိလ္လာ စနစ် ကောင်းမွန်ရေး အတွက် အိုင်စီအာစီက ၀င်ရောက် စစ်ဆေးခဲ့တာလို့ Mr. Stoll က ပြောပါတယ်။

အဓိက ကြည့်ရှု စစ်ဆေးချင်တဲ့ အကျဉ်းထောင် သုံးခုက သောက်သုံးရေ သိုလှောင်တဲ့ အခြေအနေ၊ အကျဉ်းသားတွေ သောက်ရေ ဘယ်လို လက်ခံရရှိသလဲ၊ မိလ္လာစနစ် ကောင်းမွန်မှု ရှိမရှိ စတဲ့ နည်းပညာပိုင်း ဆိုင်ရာတွေကိုပဲ သွားရောက် ကြည့်ရှုခွင့် ရခဲ့တာပါလို့ သူက ပြောပါတယ်။

အိုင်စီအာစီ အနေနဲ့ ဆက်လက်ပြီးတော့ အခြား အကျဉ်းထောင်တွေ အပါအ၀င် အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေတွေကိုပါ စစ်ဆေး ကြည့်ရှုခွင့် ရအောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

၂၀၀၅ ခုနှစ်မှာ စစ်အစိုးရက အိုင်စီအာစီကို ထောင်တွေ ၀င်ရောက် ကြည့်ရှု စစ်ဆေးခွင့် ပိတ်ပင် လိုက်ပြီးတဲ့နောက် ခြောက်နှစ်ကြာမှ အခုလို ကန့်သတ်ချက်တွေနဲ့ ပြန်လည် ၀င်ရောက် စစ်ဆေးခွင့်ပြုတာ ဖြစ်ပါတယ်။

မှတ်ချက်များ

Click here to add your own comment

ဤသတင်းနှင့်ပတ်သက်၍

အီးမေးလ်ပို့ရန်
ဤအကြောင်းကို ရယူရန်
သတင်းလွှာမှာယူရန်
ပုံနှိပ်ရန်...
ဤအေုကာင်းကို မ္တွဝေရန်

ဆက်နွယ်သောသတင်းများ

အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဟောပြောပွဲ နိုင်ကျဉ်းအဖွဲ့ပြုလုပ်

ဦးခွန်ထွန်းဦးတို့ ကျန်းမာရေး စိုးရိမ်ရ

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မိသားစုတွေမျှော်လင့်

AI စွဲချက်ကို အစိုးရ လူ့အခွင့်အရေး ကော်မရှင် ငြင်း

ထောင်တွင်းအခြေအနေ အမျိုးသား လူ့အခွင့်အရေးကော်မရှင် လေ့လာ

ကိုဇာဂနာနဲ့အဖွဲ့ တောင်ငူထောင်က နိုင်ငံရေးအကျဉ်းသားတွေကို လှူဒါန်း

ထောင်တွင်း ကျန်းမာရေး နိုင်ငံရေးအကျဉ်းသား မိသားစုဝင် ဝေဖန်

ထောင်ပြောင်းခံရသူ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေး

ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာတယ်လို့ အေအေပီပီ ပြော

အကျဉ်းသားစာရင်းကိစ္စ ICRC ကို ၀င်ခွင့်ပေးဖို့ ကင်တားနား တိုက်တွန်း